5.4
1,024
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

2.9 GB

Credit

100

Diabolik: Ginko Attacks (2022)

Action, Crime, Mystery

Credits 100

Diabolik နဲ့သူ့ချစ်သူEvaတို့ဟာ တကယ့်အဖိုးတန်ပစ္စည်းတွေကိုမှ အချီကြီးခိုးလေ့ရှိ တဲ့ သူခိုးအကြီးစားတွေပါ။ သူတို့စုံတွဲကို ရဲတွေဖမ်းဖို့ကြိုးစားနေပေမယ့် Diabolik ရဲ့ ကျွမ်းကျင်မှုနဲ့ ကိရိယာတွေအစွမ်းကြောင့် တစ်ခါမှ ဖမ်းမိခြင်းမရှိပါဘူး။ ဒီတစ်ခါမှာတော့ စစ်ဆေးရေးမှုး Ginko က သူတို့ကိုဖမ်းဖို့ အဖိုးတန်ရတနာတွေ၀တ်ပြီး ကပြမယ့် ဘဲလေးအဖွဲ့တစ်ဖွဲ့ကို လုပ်ဇာတ် ဆင်ခဲ့ပါတယ်။ စီစဉ်ထားတဲ့အတိုင်း Diabolikတို့စုံတွဲ အဲ့ကရတနာတွေကို ခိုးသွားတဲ့အခါမှာ ရတနာတွေမှာ သုတ်ထားတဲ့ radioactive အရည်တွေကြောင့် Ginkoက သူတို့ကို နောက်ယောင်ခံလိုက်နိုင်ခဲ့ပါတယ်။ ရဲတွေလိုက်လာတာသိတဲ့အခါမှာတို့ သူတို့နှစ်ဦးလည်း မတတ်သာဘဲ ပစ္စည်းတွေအားလုံးကိုစွန့်ပြီးပြေးပါတော့တယ်၊ ပြေးရင်းလွှားရင်း ချစ်သူEva က ခိုင်းမိပြီး ဆက်မပြေးနိုင်တဲ့အခါ Diabolik က အဖမ်းမခံနိုင်တဲ့အတွက် Evaကိုထားခဲ့ပြီး ပြေးပါတော့တယ်။ Eva လည်းချစ်သူကို အခဲမကျေတဲ့အတွက် Ginko နဲ့ပူးပေါင်းပြီး Diabolik ကို ရဲလက်အပ်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ Ginko ကတော့ Eva ကိုမယုံပေမယ့် အထက်လူကြီးတွေအမိန့်ကြောင့် ပူးပေါင်းဖို့ဖြစ်လာပါတယ်။ Ginkoက ဘယ်လို အစီအစဉ်ဆွဲမှာလဲ၊Eva နဲ့ စီစဉ်ထားသလို Diabolik ကိုဖမ်းမိမလား၊ ရတနာတွေအကုန်ပြန်ရမလား၊ Eva ကရော ချစ်သူကိုတကယ် သစ္စာဖောက်မှာလား အရာရာတိုင်းက ထင်ထားသလို အဆင်ပြေမှာလားဆိုတာ ကြည့်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်