6.4
1,397
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

3 GB

Credit

50

Bring Me Home (2019)

Drama, Mystery, Thriller

Credits 50

ကလေးသူငယ်တွေ ညှင်းပန်းနှိပ်စက်ခံရမှု လူကုန်ကူးမှု လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေဟာ ကမ္ဘာနဲ့တဝှမ်းမှာ ဖြစ်ပွားနေပါတယ် အခုလက်ရှိမှာလည်း Pizzagate အရှုပ်တော်ပုံပြဿနာကို လူတွေစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ် ဒီဇာတ်ကားဟာလည်း ကလေးသူငယ်တွေ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ပြဿနာကို ရိုက်ကူးတင်ပြထားတဲ့ Drama / Thriller ဇာတ်ကားဖြစ်ပြီး ချန်ဂင်လို့ လူသိများတဲ့ မင်းသမီး Lee Young-ae ပါဝင်သရုပ်ဆောင်ထားပါတယ် (ယူတို့ရဲ့ အချစ်တော် လီထယ်အို့(Park Hae-Jun)လည်း ပါသေးတယ်နော် 😁) ဇာတ်လမ်းလေးကတော့ ကင်မြောင်ဂွတ် နဲ့ ဆောဂျန်ယွန်းတို့ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က သူတို့ရဲ့တစ်ဦးတည်းသောသားလေး ကင်ယွန်းဆု ပျောက်ဆုံးခဲ့ပါတယ် ကင်မြောင်ဂွတ်ဟာ အလုပ်ထွက်ပြီး သားကို နေရာအနှံ့လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး တစ်နေ့မှာ သားကိုရှာရင်း မြောင်ဂွတ်ဟာ အက်စီးဒန့်ဖြစ်ပြီး ဆုံးသွားခဲ့ပါတယ် ခင်ပွန်းဖြစ်သူဆုံးသွားပြီးတဲ့နောက် ဆောဂျန်ယွန်းဟာ သားရဲ့ သဲလွန်စတစ်ခု ရရှိခဲ့ပြီး သားကို ရှာပုံတော် ထွက်ခဲ့ပါတယ် လူတွေ လာရောက်လည်ပတ်ပြီး ငါးမျှားကြတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ လူတကာခိုင်းတာကို တောက်တိုမယ်ရ လုပ်ပေးနေရတဲ့ မင်ဆုလို့ခေါ်တဲ့ ကလေးတစ်ယောက်ရှိနေပါတယ် မင်ဆုဟာ ဂျန်ယွန်းရဲ့ ပျောက်သွားတဲ့သား ယွန်းဆု ဖြစ်နေမလား မင်ဆုကရော ကျွန်းပေါ်ကို ဘယ်လိုရောက်လာပြီး ဘယ်လိုမျိုးနေထိုင်နေရတာလဲ ဂျန်ယွန်းက ယွန်းဆုကို ရှာနိုင်ပါ့မလား ဆိုတာတွေကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ ကိုယ့်ကိစ္စမဟုတ်ရင် စိတ်မဝင်စားကြတဲ့ လောကကြီးမှာ ကလေးတွေ ညှင်းပန်းခံနေရလည်း မသိသလို ထားလိုက်ကြတာတွေ မျောက်ပြဆန်တောင်းတဲ့ ဂေဟာတွေနဲ့ ဆေးရုံတွေကလေးတွေကို လျစ်လျူမရှုထားဘဲ ကယ်တင်ပေးကြဖို့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး… ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Kyam ဖြစ်ပါတယ်