အားကစားပစ္စည်းအရောင်းဝန်ထမ်း Buck(Jackie Chan)ဟာ လက်ဝတ်ရတနာဆိုင်ကို လုယက်တိုက်ခိုက်တဲ့အဖွဲ့တစ်ဖွဲ့ကို အမှတ်မထင်ဖမ်းဆီးနိုင်ခဲ့ပြီးနောက်မှာတော့ ညတွင်းချင်း ဆယ်လီတစ်ယောက်ဖြစ်လာပါတယ်။ ထူးခြားတာတစ်ခုက Buckမှာ အလိုလိုသိစိတ်ဆိုတဲ့ တစ်ခုခုကြိုတင်သိနိုင်တဲ့စိတ်ရှိနေပါတယ်။ အဲဒီလုယက်မှုမှာလည်း မီဒီယာတွေက လုယက်မှုဖြစ်မှာကို ဘယ်လိုသိတာလဲလို့မေးတဲ့အခါ ဒီအတိုင်းမှန်းကြည့်တာပါတဲ့။ ပြီးတော့ သူဟာ ငယ်စဉ်ကတည်းက စွန့်စားရတဲ့အလုပ်တွေကို နှစ်ခြိုက်သဘောကျတဲ့သူပါ။ ဒါ့အပြင် သူကမိဘမဲ့တစ်ယောက်ဖြစ်ပါတယ်။
မိဘမဲ့ကောင်လေးတွေကိုလိုက်ရှာနေတဲ့ အလွတ်စုံထောက်Liuနဲ့ တွေ့ဆုံပြီးသိပ်မကြာခင်မှာပဲ Buckဟာ ချမ်းသာတဲ့ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ ကိုရီးယားကိုလိုက်သွားခဲ့ပြီး သူ့အဖေနဲ့သူ့အမေနှစ်ယောက်စလုံးဟာ ကျွမ်းကျင်သူလျှိုတွေဆိုတာကို သူသိခဲ့ရပါတယ်။ သူ့အဖေက မသေခင်မှာ မူးယစ်ဆေးဝါးတစ်မျိုးဖော်ထုတ်ခဲ့မှုနဲ့ပတ်သက်နေခဲ့ပြီး သေသွားပြီးတဲ့နောက်မှာလည်း သားဖြစ်သူ Buckနောက်ကိုလူဆိုးတွေက ဆက်လိုက်နေခဲ့ပါတယ်။
သူ့နောက်ကို ဘာလို့လူဆိုးတွေလိုက်နေရတာလဲ...။ သူတို့ဘာလိုချင်နေတာလဲ...။ သူတို့လိုချင်နေတာက သူ့အဖေနဲ့ပတ်သက်နေတဲ့မူးယစ်ဆေးလား...။ Buck တစ်ယောက် သူ့အဖေချန်ထားခဲ့တဲ့ အဲဒီဆေးကိုလိုက်ရှာတဲ့နေရာမှာ အောင်မြင်ပါ့မလား....
ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။