မောင်လေးတို့အသည်းစွဲမမ Sydnney Sweeney နဲ့တောင့်တောင့်ဖြောင့်ဖြောင့်ဘဲချောကြီး Glen Powell တို့ပါဝင်သရုပ်ဆောင်ထားတဲ့နောက်ဆုံးထွက်အချစ်ဇာတ်လမ်းကားကောင်းကြီး Anyone But You ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲနင်ကလွဲရင်ဘယ်သူမဆိုဖြစ်တယ်ဆိုတဲ့တော်တော်ခံရခက်တဲ့ခံစားချက်နဲ့ကိုက်ညီနေတဲ့စော်ပစ်ကောင်လေးတွေဘဲပစ်ဆော်လေးတွေအတွက်ဒီကားလေးကိုပြန်ကြည့်ပြီး Moti ပြန်ယူနိုင်မှာဖြစ်ပါတယ်။နင်ကလွဲရင်ဘယ်သူမဆိုဖြစ်တယ်ဆိုပြီးစဖြစ်ပေါ်လာပုံကိုဘန်နဲ့ဘီးတို့နှစ်ယောက်ပထမဆုံးစတွေ့ခဲ့တဲ့နေ့လေးကနေပြန်စပြောရမှာပါပဲ။ဘီးကသန့်စင်ခန်းအရမ်းသွားနေတဲ့အချိန်စားသောက်ဆိုင်ကရစ်လို့ဘန်ကကူညီပေးခဲ့ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ရင်းနှီးသွားပြီးဘန့်အိမ်မှာအတူတူညအိပ်ခဲ့ကြပါတော့တယ်။ဒါပေမယ့်မနက်စောစောဘီးကထပြန်သွားခဲ့တဲ့အတွက်ဘန်ကလဲတင်းပြီးသူ့သူငယ်ချင်းကိုပြောမိပြောရာတွေပြောနေတုန်းစိတ်ပြောင်းပြီးပြန်လာတဲ့ဘီးကကြားသွားတဲ့အခါမှာသူတို့ဇာတ်လမ်းကတစ်ခန်းရပ်သွားခဲ့ပါတယ်။
တကယ်တမ်းဇာတ်လမ်းပြန်စတဲ့အချိန်ကတော့ဘီးရဲ့အစ်မနဲ့ဘန့်သူငယ်ချင်းတို့ကသူတို့နှစ်ယောက်ကိုပြန်မိတ်ဆက်ပေးတာကနေပြန်စတာပါပဲ။သိပ်မကြာခင်မှာပဲဘီးအစ်မနဲ့ဘန့်သူငယ်ချင်းတို့မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက်သူတို့နှစ်ယောက်လုံးအဲ့ဒီမင်္ဂလာပွဲကိုတက်ရောက်ဖို့သွားခဲ့ရင်းနဲ့မှနင်ကလွဲရင်ဘယ်သူမဆိုဖြစ်တယ်ဆိုတဲ့အဆင့်လောက်အထိအချင်းချင်းမုန်းနေကြတဲ့သူနှစ်ယောက်ကြားမှာဘယ်လိုမမျှော်လင့်ထားတဲ့အချစ်ဇာတ်လမ်းလေးတွေပေါ်ပေါက်လာမယ်ဆိုတာကို ဟာသ အက်ရှင် ဒရာမာစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့တကယ်ကောင်းတဲ့ IMDb Rating 6.6 အထိရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်