4.2
1,882
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.4 GB

Credit

200

Room 203 (2022)

Drama, Horror

Credits 200

သဘာ၀လွန်ဖြစ်ရပ်တွေ အယူမှားနေတဲ့ ကိုးကွယ်မှုတွေနဲ့ နတ်ဆိုးတွေအကြောင်းဖြစ်ပါတယ်။ သူငယ်ချင်း ၂ယောက်ရဲ့ friendship ကိုပါ ပေါ်လွင်အောင် ထည့်သွင်းထားပါတယ်။ ကင်နဲ့ အစ်ဇီတို့ အချစ်ဆုံးသူငယ်ချင်း ၂ယောက်က အတိတ်ဆိုးတွေကနေ လွတ်မြောက်ဖို့ ဝါသနာပါတာကို လေ့လာဖို့ တိုက်ခန်းအသစ်ကို ပြောင်းလာကြပါတယ်။ ကင်ရဲ့မိဘတွေကတော့ ကင်ကို အစ်ဇီနဲ့ပေါင်းတာ သဘောမကျပါဘူး။ ကင်က နားမထောင်တဲ့အတွက် အဆက်အသွယ်မလုပ်ကြတော့ပါဘူး။ ကင်က သတင်းထောက်ပညာမေဂျာတက်ဖို့ လာတာဖြစ်ပြီး အစ်ဇီကတော့ သရုပ်ဆောင်ဖြစ်ဖို့ လာတာပါ။ သူတို့ ငှားလိုက်တဲ့ အခန်းနံပါတ်က ၂၀၃ ဖြစ်ပြီး အဆောက်အဦးတစ်ခုလုံးက သမိုင်း၀င်အဆောက်အဉီးကြီး ဖြစ်ပါတယ်။ အတွင်းက အသုံးအဆောင် ပရိဘောဂတွေကလည်း vintage ဆန်ပါတယ်။ သူတို့ အိမ်ရှင်လူကြီးက‌လည်း လူထူးဆန်းတစ်ယောက်ဖြစ်ပြီး မြေအောက်ထပ်ကို အိမ်ငှားတွေသွားခွင့်မပြုပါဘူး။ ကင်တို့နေတဲ့အလွှာမှာတော့ အိမ်ရှင်နဲ့ သူတို့ အခန်းပဲ လူရှိပါတယ်။ ကင်တို့အခန်းထဲက နံရံမှာ အပေါက်လေးတစ်ခု ရှိနေပါတယ်။ ကင်က ဒါကို မှန်နဲ့ကာဖို့ လုပ်ကြည့်ပေမယ့် မရပါဘူး။ ဘုရားကျောင်းက ဆေးခြယ်ထားတဲ့မှန်ပြတင်းပေါက်လိုမျိုးလည်း ရှိပါတယ်။ အစ်ဇီက အပေါက်ထဲ လက်ထည့်လိုက်တဲ့အခါ ဆွဲကြိုးတစ်ကုံးပါလာပါတယ်။ ကြောက်စရာကိစ္စတွေက အဲ့အချိန်က စဖြစ်လာတဲ့အခါ.... အခန်းနံပါတ် ၂၀၃ ထဲက အပေါက်လေးက ဘယ်လိုထိတ်လန့်စရာတွေနဲ့ ဆက်စပ်နေတာလဲ ဘာလို့ သူ့ကိုပြင်လို့မရတာလဲဆိုတာကို သိချင်ရင်တော့မြန်မြန်ကြည့်လိုက်ကြပါနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်