ကိုရီးယားမှာချမှတ်ထားတဲ့ လိုက်နေဆဲအမှုက ၁၅နှစ်ကြာရင် ပိတ်သိမ်းရမယ်ဆိုတဲ့ဥပဒေကြောင့် အိုချွန်းဟိုဟာ သူလိုက်နေဆဲအမှုဖြစ်တဲ့ ကလေးကို ပြန်ပေးဆွဲပြီး သတ်ပစ်ခဲ့တဲ့အမှုကို ရပ်လိုက်ရတော့မဲ့ဆဲဆဲအခြေအနေဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ အမှုမပိတ်ခင်ရက်နည်းနည်းအလိုမှာပဲ သေဆုံးသွားတဲ့နစ်နာသူရဲ့နေရာဆီ ပန်းတစ်ပွင့်လာထားသွားတဲ့သူတစ်ယောက်ပေါ်လာလို့ တရားခံဖြစ်မယ်ဆိုပြီး လိုက်ရှာနေခဲ့ပေမဲ့ အချိန်ကျော်သွားခဲ့တာမလို့ အမှုကိုပိတ်ခဲ့ရပါတယ်။
ဒီလိုနဲ့ ဒီလိုပုံစံနဲ့ဆင်တူတဲ့ကလေးပြန်ပေးဆွဲမှု ပေါ်လာခဲ့ပြီး ပြန်ပေးသမားရဲ့အသံက အရင်၁၅နှစ်က ပြန်ပေးသမားရဲ့အသံနဲ့တူနေခဲ့တဲ့အခါမှာ အရင်၁၅နှစ်ကလိုပဲ ကလေးကို မကယ်တင်နိုင်ဘဲ ဖြစ်ဦးမလား.?တရားခံကရော ဘယ်သူဖြစ်နေမလဲ ဆိုတာ....
ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။