7.3
5,556
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

7.8 GB

Credit

500

Mirchi (2013)

Action, Drama

Credits 500

ဒီဇင်ဘာ 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို့ တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Mirchi လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ဒီတစ်ခေါက်‌ဇာတ်ကားလေးကတော့ ၂၀၁၃ကထွက်ခဲ့တဲ့ ဘာဟူဘာလီလို့လူသိများကြတဲ့ မင်းသားရဲ့ကား‌လေးပါ။ သူ့ခေတ်သူ့အခါနဲ့အရမ်းနာမည်ကြီးခဲ့တဲ့ကားလို့ ပြောလို့ရတယ်ပါတယ်။ ကိုယ့်အနေနဲ့Rating လောက်အထိ‌ပေးထားတဲ့ မေတ္တာတရားရဲ့အလှကို ခံစားသိရှိစေရမယ့်ကားလေးပါ ။ အတ္တ‌‌တွေကြားမေတ္တာထားတတ်နိုင်အောင် သင်ပေးခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေးဆိုတဲ့ကောင်လေးတစ်ယောက် အမေရိကားမှာမနူဆာဆိုတဲ့ ကလေးမလေးနဲ့တွေ့ပြီး ကောင်မလေးကိုတွေ့ဖို့ အိန္ဒိယကိုပြန်လာခဲ့တယ် ။ တက္ကသိုလ်မှာခင်မင်ခဲ့တဲ့ သူငယ်ချင်း‌အိမ်ကိုလိုက်သွား‌တော့ ကောင်မလေးနဲ့ပြန်တွေ့ပါတယ် ။ ကောင်မလေးက သူငယ်ချင်းညီမဝမ်းကွဲဖြစ်နေတယ်‌ပေါ့ ။ သူတို့နှစ်ယောက်ဆက်ဆံရေးက အဆင်ပြေမှာလား ဘယ်လိုဆက်ဖြစ်လိမ့်မလဲ..... ဂျေးတစ်‌ယောက် ဒီရွာကို‌ရောက်လာတာကရော တိုက်ဆိုင်တာပဲလား ...... သတ်ဖြတ်လက်စား‌‌ချေဖို့ပဲသိတဲ့ ကောင်မလေးရဲ့မိသားစုကိုပြောင်းလဲပေးဖို့ ဂျေးတစ်ယောက်ဘယ်လိုမျိုး‌တွေကြိုးစားခဲ့ရမလဲ.... နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ရွာနှစ်ရွာကြားရန်ငြိုးတွေကိုရော ဖျောက်ဖျက်နိုင်မှာလား....စသဖြင့်ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ကားလေးပါ။ ဟာသ‌တွေ အလှည့်အပြောင်းတွေပါပြီး န‌ှစ်နာရီခွဲနီးပါးရှည်ပေမယ့် ပျင်းချိန်လုံးဝရှိမှာမဟုတ်ပါဘူး။ ဤဇာတ်ကားကို အညွှန်း‌ရေးသားပြီး ဘာသာပြန်‌ပေးသူကတော့ Lilly ဖြစ်ပါတယ်။