5.8
290,732
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Clash of the Titans (2010)

Action, Adventure, Fantasy

Credits 200

လူတွေပြောနေကြတဲ့ အစောဆုံးပုံပြင်တွေက ကြယ်တွေထဲမှာ ဖြစ်ပေါ်ခဲ့တာပါ .. လူနဲ့ နတ်ဘုရားတွေမပေါ်ခင် ကမ္ဘာကြီးကို တိုင်တန်တွေအုပ်ချုပ်တဲ့အချိန်ပေါ့တိုင်တန်တွေက တန်ခိုးကြီးတယ်... ဒါပေမယ့် တိုက်တန်တွေဟာ သူတို့ရဲ့သားတွေကြောင့်ပဲ အဆုံးသတ်သွားခဲ့တယ်. သူတို့ကတော့ ဇူးစ် ပဆိုက်ဒန် နဲ့ ဟေဒီစ် တို့ပါ ဇူးစ် ကသူ့မိဘတွေကို ပြန်တိုက်ခိုက်နိုင်တဲ့ အလွန်သန်မာတဲ့ သားရဲတစ်ကောင်သူ့ညီ ဟေဒီစ် ကို ဖန်ဆင်းခိုင်းတယ်..ဟေဒီစ် က သူ့ရဲ့အသွေးအသားနဲ့ စကားမပြောနိုင်တဲ့ ကြောက်မက်ဖွယ်ခရာတန် ကို မွေးဖွားခဲ့တယ်.. ဇူးစ်က ကောင်းကင်ဘုံရဲ့ ဘုရင်ဖြစ်သွားတယ်.. ပဆိုက်ဒန်က ပင်လယ်တွေရဲ့ ဘုရင်..ဟေဒီစ် ကတော့ ဇူးစ်ရဲ့ လှည့်စားမှုကိုခံရပြီး.. အမှောင်(အပ)လောက ကိုသာ အုပ်ချုပ်ခဲ့ရတယ်.. လူတွေကို ဖန်ဆင်းသူက ဇူးစ် ဖြစ်ပြီး လူတွေက နတ်တွေ ထာဝရ ရှင်သန်ဖို့ ပူဇော်ပသ ရပါတယ်.. ဒါပေမယ့် လူသားမျိုးနွယ်က အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး.. နတ်ဘုရားတွေကို မေးခွန်းထုတ်လာကြတယ်..နောက်ဆုံးမှာတော့ နတ်ဘုရားတွေကို တိုက်ခိုက်တဲ့အထိအင်အားကြီးလာပါတယ်.. ဒီကမ္ဘာကြီးမှာ ကလေးလေးတစ်ယောက်မွေးဖွားလာတယ်.. အရာရာကို ပြောင်းလဲပေးမယ့် ကလေးလေးတစ်ယောက်ပေါ့ သူ့နာမည်က...ပါစီးယက်စ် နတ်ဘုရားတွေကို ပုန်ကန်မှုကိုအကြောင်းပြုပြီး ဟေဒီစ် ကလူတွေကိုဒဏ်ခတ်ဖို့ ဇူးစ် ဆီမှာခွင့်တောင်းတော့ ဇူးစ် ကခွင့်ပြုခဲ့တယ်။ နတ်ဘုရားတွေကို ပုန်ကန်တဲ့ အာဂိုဘုရင်ကို နတ်ဘုရားတွေ အမျက်ပြေဖို့ ဘုရင့်သမီးကို ခရာတန် ဆီမှာ ယစ်ပူဇော်ဖို့ အမိန့်ပေးခဲ့တယ်..။ အဲဒီမှာ ဟေဒီစ် နဲ့ ပါစီးယက်စ် တွေ့ကြတယ်..။ဟေဒီစ် က ပါစီးယက်စ် ဟာ လူနတ်ဘုရားဆိုတာသိသွားသလို ပါစီးယက်စ် ဟာလည်း သူ့ကိုသူ နတ်ဘုရားရဲ့သားတော်ဆိုတာ သိသွားခဲ့တယ်။ ပါစီးယက်စ် ဟာသူ့မွေးစားမိဘတွေနဲ့ ညီမလေးကို သတ်သွားတဲ့ ဟေဒီစ် ကိုလက်စားချေဖို့ ဆုံဖြတ်ပြီး အာဂိုစစ်သားပူပေါင်းပြီး ခရာတန် ကိုသတ်နိုင်တဲ့ အဖြေသိရဖို့ ...... ဒီဇာတ်ကားက ရေးမယ်ဆိုရင် တော်တော်များများကိုရေးချင်စရာတွေပါပဲ.. ရုပ်ရှင်သမားတွေ အရသာပျက်မှာစိုးလို့ ဒီလောက်ပါပဲ..။ ငယ်ငယ်က စာထဲမှာရင်းနှီးခဲ့ရတဲ့ ပါစီးယက်စ် ကို ရုပ်ရှင်ကြည့်တော့လည်း မရိုးနိုင်အောင်ကောင်းပြန်ပါတယ်..။ မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းသလို ကြည့်ပြီးသူတွေလည်းထက်ကြည့်ဖြစ်ဦးမယ်လို့ ယုံကြည်ပါတယ်..။မကြည့်ရသေးတဲ့သူတွေကြည့်ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်