6.7
80,567
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.7 GB

Credit

500

Good Boys (2019)

Adventure, Comedy

Credits 500

ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ ဟာသကားလေးပါ။ တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူး ဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊ လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူက ပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ ‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူ အောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့ မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကို ပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့ သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်း ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်း သူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီး မိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။