မသိတဲ့လူမရှိသလောက်နာမည်ကြီးတဲ့မင်းသားကြီးဂျက်ကီချန်းရဲ့ ၂၀၀၉ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Shinjuku Incident ဖြစ်ပြီးကြည့်ဖူးတဲ့လူတွေလဲရှိရင်ရှိလောက်မှာပါ။ဇာတ်ကားအစမှာဂျက်ကီချန်းကရွာမှာသူ့ကောင်မလေးနဲ့ပျော်ရွှင်နေပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်ကောင်မလေးရဲ့အဒေါ်ဖြစ်သူကဂျပန်နိုင်ငံကနေလှမ်းခေါ်တဲ့အတွက်သူတို့နှစ်ယောက်ဝေးကွာခဲ့ရပါတော့တယ်။
စစချင်းမှာတော့စာနဲ့အဆက်အသွယ်လုပ်ခဲ့ကြပေမဲ့နောက်ပိုင်းမှာဘာအဆက်အသွယ်မှမရတော့တဲ့အတွက်ဂျက်ကီချန်းကစိတ်ပူပြီးဂျပန်နိုင်ငံကိုတရားမဝင်ခိုးဝင်ခဲ့ပါတော့တယ်။ဂျပန်ရောက်တော့ သူ့ရှေ့မှာအရင်ရောက်နေပြီးသားတရုတ်တွေနဲ့အတူတူနေထိုင်ခဲ့ပြီးတရားမဝင်အလုပ်တွေခိုးလုပ်ခဲ့ရပါတော့တယ်။သူများနိုင်ငံကိုခိုးဝင်ပြီးနေထိုင်ရတာဘယ်လောက်ခက်ခဲပင်ပန်းကြောင်းတွေကိုလဲတွေ့ရမှာဖြစ်ပြီး နောက်ပိုင်းမှာအလွယ်လမ်းတွေလိုက်ခဲ့ရာကနေဘယ်လိုအရာတွေရှေ့ဆက်ကြုံတွေ့ရမလဲ သူ့ကောင်မလေးနဲ့ရောပြန်တွေ့သွားပါ့မလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်