7.6
1,839
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

5.8 GB

Credit

500

Warriors of the Rainbow: Seediq Bale II (2011)

Action, Drama, History

Credits 500

ထိုင်၀မ်နိုင်ငံမှ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့ အမဲလိုက်ပြီး အသက်မွေးတဲ့ Seeqid လူမျိုးတွေမှာ အယူတစ်ခု ရှိတယ်တဲ့( ၂၀၀၈ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှ စတင်ကာ ထိုင်၀မ်ရဲ့ ၁၄ ခုမြောက် တိုင်းရင်းသားမျိုးနွယ်စု အဖြစ် တရား၀င်သတ်မှတ်ပြီး)။ Seeqid တွေဟာ သေဆုံးသွားပြီးရင် သူတို့‌ဘိုးဘေးတွေရဲ့ အိမ်တော်ကို ၀င်ရောက်ဖို့ သက်တန့်တံတားတစ်စင်းကို ဖြတ်ရပြီး သက်တန့်တံတားပေါ်က ဘိုးဘေးဝိညာဉ်တွေကို စောင့်ရှောက‌်ပေးသူက ယောက်ျားသား‌ေတွလာရင် လက်ဖဝါးကို ဖွင့်ပြစေကာ လက်ဖဝါးပေါ်မှာ သွေးစက်တွေ ရှိမရှိ စစ်ဆေးပြီး မိန်းမသားတွေ လာရင် လက်ဖဝါးပေါ်က ရက်ကန်းရက်လို့ ရလာတဲ့ အသားမာတွေကို ကြည့်ပြီး ဘိုးဘေးအိမ်တော်ကို ၀င်ရောက်ဖို့ အရည်ချင်း ပြည့်မှီ မပြည့်မှီ စစ်ဆေးပါတယ်တဲ့။ ၁၉၃၀ ကဖြစ်ပွားခဲ့တဲ့ Wushe ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတဲ့ Warriors of the Rainbow က Part 1 Part 2 နှစ်ကားထွက်ရှိထားပြီး Part 1 မှာတော့ တရုတ်-ဂျပန် နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်အရ ထိုင်၀မ်ကျွန်းကို ဂျပန် လက်ထဲကို အပ်လိုက်ပြီး ဂျပန်တွေ အုပ်စိုးတာကို မခံနိုင်လို့ ကျွန်းပေါ်ကမျိုးနွယ်စုတွေ ပြန်ပြီးပုန်ကန်ခဲ့ကြပါတယ်။ ဒီ Part 2 မှာတော့ အဲ့ဒီပုန်ကန်မှုစပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ စစ်ပွဲရဲ့ အကျိုးရလဒ်တွေကို တွေ့ရမှာဖြစ်ပြီး ဘယ်သူမှားတယ် မှန်တယ် တရားတယ် မတရားဘူးလို့ ခွဲခြားမသိမြင်နိုင်တော့ဘဲ စစ်ရဲ့အနိဠာရုံတွေကို မြင်တွေ့ရမှာပါ..... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်