7.5
110,045
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Ip Man 2 (2010)

Action, Biography, Drama

Credits 200

IP Man (1) တုန်းက ဂျပန်ခေတ်ကိုဖြတ်သန်းလာခဲ့တယ်။ သခင်လေး ရိမန်း(အိုင်ပီမန်း) တို့ရဲ့ လင်မယားနှစ်ယောက်က အိမ်ထောင်သည်တွေကို ဘဝမှာ ဘယ်လိုဖြတ်သန်းရမလဲးဆိုတဲ့ အိမ်ထောင်ရေးပညာပေးရသတွေပါနေတယ်။ စက်ရုံပိုင်ရှင်ဖြစ်ခဲ့တဲ့ ကွင်းကွမ်းတို့သားအဖက ဇာတ်အိမ်မှာ သားကအဖေကို ဘယ်လိုကျေးဇူးဆပ်သွားလဲးဆိုတဲ့ လူငယ်ပညာပေးရသဖော်ညွန်းသွားတယ်။ လူမိုက်ပင်ဖြစ်လင့်ကစား ကျေးဇူးသိတတ်တဲ့လူအဖြစ် ဂျင်းရှန်ဇောင်ရဲ့ပီပြင်တဲ့ပေါကြောင်ကြောင်သရုပ်ဆောင်မူကလဲး၊ (၁) မှာ မုန်းခဲ့သလောက် (၂) မှာ သနားလာမိအောင် ဂရုဏာရသပေးနိုင်ခဲ့သေးတယ်ဗျာ။ မျိုးချစ်စိတ်ရှိကြတဲ့ သတင်းစာအယ်ဒီတာကြီးရဲ့ မိတ်ဆွေပိသပုံတွေ၊လူမျိုးရဲ့ဂုဏ်ကို အသက်ပေးကာကွယ်သွားတဲ့ သိုင်းဆရာကြီး ဟွန် အကြောင်းတွေနဲ့ ကိုလိုနီခေတ်မှာလူဖြူတိုင်း လူယုတ်မဟုတ်ခဲ့ဘူးဆိုတာ သက်သေပြသွားပြီး၊ မာနတရားကကြီးစိုးနေတဲ့အနောက်တိုင်းသားတွေကို ဆုံးမပေးလိုက်ပုံတွေ စတဲ့ ရသပေါင်းစုံတွေ စုံနေမှာတော့ ကမ္ဘာကျော်တာမဆန်းပါဘူးလေးနော်။