ဘဝမှာ ဘယ်တော့မှနောက်တစ်ကြိမ် ထပ်မကြည့်ချင်တော့တဲ့ ဇာတ်ကားထဲမှာ Grave of the fireflies ဟာလည်း အပါအဝင်ပါပဲ။ စစ်အတွင်းမှာ မိဘမဲ့သွားတဲ့ အရွယ်မရောက်သေးတဲ့ အ။ဆဲအီတ နဲ့ စက်စူကိုတို့မောင်နှမနှစ်ယောက်ဟာ စားစရာမရှိ၊ နေစရာမရှိ ၊ ကြည့်ရှုစောင့်ရှောက်ချင်တဲ့သူမရှိဘဲ ခက်ခဲလွန်းတဲ့စစ်ကာလကြီးကို ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းနေလဲဆိုတာကို ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားလေးကိုကြည့်ရင်း ကိုယ့်ပတ်ဝန်းကျင်မှာရော ဆဲအီတနဲ့ စက်စူကို ဘယ်လောက်တောင်များနေလဲဆိုပြီး စဥ်းစားမိသွားမယ်ထင်ပါရဲ့ ။ စက်စူကိုကတော့ " ပိုးစုန်းကြူးလေးတွေ ဘာကြောင့်ခဏလေးနဲ့ သေသွားကြရတာလဲ..? " လို့ မေးသွားခဲ့ပါတယ်။ သင့်အဖြေကရော......
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ marip pan ဖြစ်ပါတယ်