8.4
311,340
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

2.9 GB

Credit

50

Your Name. (2016)

Animation, Drama, Fantasy

Credits 50

ဒီကားကတော့ ထွေထွေထူးထူးတောင် မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူး။ ဒါရိုက်တာ Makoto Shinkai ရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးတဲ့ ၂၀၁၆ခုနှစ်ထုတ် ဒီ Anime ရုပ်ရှင်ဇာတ်ကားဟာ ဂျပန်ပြည်တွင်းရုပ်ရှင်ဈေးကွက်မှာ လပေါင်းများစွာ နံပါတ်တစ် စွဲခဲ့သလို နိုင်ငံတကာမှာ ဝင်ငွေအကောင်းဆုံး Anime ရုပ်ရှင်အဖြစ်ကော၊ နိုင်ငံပေါင်းများစွာမှာ box office နံပါတ်တစ်အဖြစ်ကော စံချိန်များစွာ ချိုးတဲ့ စူပါ Hit တစ်ခု ဖြစ်ခဲ့တာပါ။ ဘာလို့ ဒီလောက်တောင် နာမည်ကြီးခဲ့ရသလဲ။ Makoto Shinkai ရဲ့ လက်ရာတွေနဲ့ ရင်းနှီးတဲ့သူတွေအဖို့တော့ သူ့ရဲ့ အသေးစိတ်လှပလွန်းတဲ့ အန်နီမေးရှင်းဟန်တွေ၊ ဆွေးရမယ့်ဇာတ်လမ်းကြောတွေကို သိပြီးဖြစ်မှာဖြစ်ပေမယ့် အခု ဒီ Your Name ဇာတ်ကားက ကာတွန်းရုပ်ရှင်တွေကို စိတ်မဝင်စားတဲ့ ပုံမှန်ပရိသတ်တွေအားလုံးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မိဆုဟ ဟာ နယ်မြို့လေးတစ်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ ခေါင်လွန်းတဲ့သူတို့မြို့လေးရယ်၊ ဘုရားကျောင်းမျိုးရိုးကဆင်းသက်လာသူမို့ စောင့်ထိန်းရမယ့်ဓလေ့တွေကို စိတ်ကုန်လာတဲ့ မိဆုဟ ဟာ တစ်နေ့တော့ အိပ်မက်ထဲမှာ တကိ အမည်ရ တိုကျို မြို့ပေါ်က ကျောင်းသားတစ်ယောက်အဖြစ် ဖြစ်ခွင့်ရပါတယ်။ အလားတူပဲ တကိ က အိပ်မက်ထဲမှာ မိဆုဟ ဖြစ်တယ်ပေါ့။ ဒါပေမယ့် နောက်တော့ သူတို့နှစ်ယောက် နေရာချင်းလဲတာဟာ အိပ်မက် မဟုတ်ပဲ တကယ် အပြင်မှာပါ နေရာချင်းလဲသွားတာ ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက်မှာတော့ .. သူုတို့နှစ်ယောက်ရဲ့ ဆန်းကြယ်ခြင်းတွေပြည့်နှက်နေတဲ့ ပုံပြင်ဇာတ်လမ်းမှာ နှစ်ပေါင်း ၁၂၀၀မှ တစ်ခါ ကမ္ဘာနားကဖြတ်သန်းတဲ့ ကြယ်တံခွန်ကြီးက ဘယ်လို သက်ရောက်မှု ရှိသလဲ ဆိုတာ ရှုစားကြရမှာပါ။