8.0
50,203
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

My Sassy Girl (2001)

Comedy, Drama, Romance

Credits 200

ဒီဇာတ်ကားလေးကတော့ Kim Ho-sik ရေးသားထားတဲ့ ဖြစ်ရပ်မှန်ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသား Cha Tae-hyun နဲ့ မင်းသမီး Jun Ji-hyun တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဘယ်လောက်တောင်အောင်မြင်ခဲ့လဲဆိုရင် တောင်ကိုရီယားမှာသာမက ဂျပန်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာပါ လူကြိုက်များခဲ့ပြီး အမေရိကန်အပါအဝင် တရုတ်၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတော်တော်များများမှာ My Sassy Girl ကိုပြန်လည် ရိုက်ကူးခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဂယွန်းဝူ (Cha Tae-hyun) ဆိုတဲ့ အင်ဂျင်နီယာကျောင်းသားလေးက မြေအောက်ရထားဘူတာမှာ ခပ်စွာစွာကောင်မ​လေးတစ်ယောက်နဲ့တွေ့ရာကစ​ပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ကာ ဂယွန်းဝူတစ်ယောက် ကောင်မလေးအနိုင်ကျင့်သမျှကို ကြိတ်မှိတ်သည်းခံရင်း နှစ်ယောက်သားချစ်မိသွားကြတဲ့အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ် သာမန်အချစ်ဇာတ်ကားလေးဆိုပေမဲ့ ဆုပေါင်းများစွာရရှိခဲ့ပြီး ဟာသ၊ အလွမ်းအဆွေး စတဲ့ ခံစားမှုမျိုးစုံကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် အခုပဲကြည့်ရှုလိုက်ရအောင်နော်... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်