7.5
714,737
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.1 GB

Credit

200

The Hunger Games: Catching Fire (2013)

Action, Adventure, Sci-Fi

Credits 200

The Hunger Games: Catching Fire က ပထမကား The Hunger Games ထက် အများကြီး ပိုကောင်းပါတယ်။ အဲ့ဒီတော့ ပထမကားကို ကြိုက်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီကားကို ကြိုက်ကြမှာသေချာပါတယ်။Hunger Games အကြောင်း မသိသေးတဲ့သူတွေအတွက် အနည်းငယ်ပြောပြချင်ပါတယ်။ ဒီကားက The Hunger Games စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက မြောက်အမေရိက တိုက်ကို အခြေခံပြုထားပြီး ကမ္ဘာကြီးကပ်ဆိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက စုပေါင်းပြီး Panem ဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေါ်လာပါတယ်အဲ့ဒီနိုင်ငံကို Capitol လို့ခေါ်တဲ့ လူချမ်းသာတွေနေတဲ့ မြို့က အုပ်ချုပ်ပြီး ကျန် ပြည်နယ် ၁၂ ခု ကတော့ ဆင်းဆင်းရဲရဲနေနေရပါတယ်။ Hunger Games တွေဖြစ်ပေါ်လာပုံကတော့ အဲ့ဒီပြည်နယ်တွေက ဆင်းရဲသားတွေက Capitol ကို တော်လှန်ကြရာမှာ မအောင်မြင်ပဲ Capitol ရဲ့ လက်အောက်ပြန်ကျရောက် ခဲ့သလို၊ Capitol က သူတို့ကို အပြစ်ပေးတဲ့အနေနဲ့ နှစ်စဉ် ပြည်နယ်တစ်ခုစီကနေ အသက် ၁၂ နှစ်နဲ့ ၁၈ ကြားက ယောက်ျားလေးမိန်းကလေး တစ်ယောက်စီရွေးပြီး Hunger Game မှာဝင်ယှဉ်ပြိုင်ရပါတယ်။ သူဌေးတွေက ရုပ်သံ အစီအစဉ်တစ်ခုလို အားကစားနည်းတစ်ခုလို ကြည့်ရှုအားပေးကြပါတယ်။ ဒီကစားနည်းက သူတို့ တည်ဆောက်ထားတဲ့ ကစားကွင်းထဲမှာ သူသေကိုယ်သေ အပြန်အလှန် အမဲလိုက် ကြရတာဖြစ်ပါတယ်။ နောက်ဆုံး တစ်ယောက်ပဲ ကျန်တဲ့အထိ ကစားရပြီး ကျန်တဲ့သူက အနိုင်ပါ။ တစ်ယောက်ပဲကျန်ရပါမယ်။ The Hunger Game မှာ မင်းသမီး Jennifer Lawrence (Katniss) နဲ့ သူရဲ့ တစ်ပြည်နယ်ထဲသား Peeta တို့ နှစ်ယောက်က အသက်ရှင်ကျန်ခဲ့ပြီး နောက်ဆုံး Katniss က Peeta ကိုမသတ်ပဲ တူတူ သတ်သေဖို့ လုပ်နေတုန်းမှာပဲ သူတို့ နှစ်ယောက်စလုံးကို ချန်ပီယံအဖြစ် သတ်မှတ်ပေးပြီး အသက်ရှင်ခွင့်ပေးလိုက်ပါတယ်။ဒီကားမှာတော့ မင်းသမီး Katniss က ပြည်သူတွေရဲ့ စံပြဖြစ် လာပြီး ပြည်သူတွေကို ယုံကြည်မှုတွေတိုးလာစေပါတယ်။ စစ်တပ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုကို လည်း တော်လှန်ဖို့ ကြိုးစားလာပါတယ်။ လူအခွင့်အရေးချိုးဖောက်ခံရသလို အနိုင်ထက်ပြုပြီး အဓမ္မအုပ်ချုပ်တာခံနေရပါတယ်။ ပြည်သူတွေကလည်း စားဝတ်နေရေးတောင် အနိုင်နိုင်မို့လို့ တော်လှန်ဖို့ကိုလည်း မစဉ်းစားနိုင်ကြဘူး။ အရင်တုန်းက တစ်ခါ တော်လှန်ခဲ့ပေမယ် ရက်ရက်စက်စက် ခြေမှုန်းခံခဲ့ရလို့ နလံမထူနိုင်ဖြစ်နေကြပါတယ်။အဲ့ဒီမှာ သမ္မတဖြစ်သူက လူတွေတော် လှန်ရေးလုပ်လာမှာ စိုးတာကြောင့် လူတွေရဲ့စံပြဖြစ်နေတဲ့ Katniss ကို ပြည်သူတွေ ရွံမုန်းလာအောင် အမျိုးစုံပြုလုပ်သလို၊ သူတို့ လူနည်းစု လိုပဲ ဘဝင်မြင့်သွားသယောင် ဝါဒဖြန့်ပါတယ်။ ဒါ့အပြင် Katniss ကြောင့် တစ်ခြားသူတွေ ပြန်မတော်လှန်ရဲအောင် ချန်ပီယံဖြစ်ခဲ့တဲ့သူတွေအားလုံးကို အပြတ်ရှင်းဖို့ ကြိုးစားပါတော့တယ်။ သူ့အကြံက လက်ရှိ အချိန်မှာ ပြုလုပ်မဲ့ ၇၅ ကြိမ်မြောက် ပြိုင်ပွဲမှာ ထူး ထူးခြားခြား အနေနဲ့ အရင်နိုင်ခဲ့ပြီးသား သူတွေအားလုံးကို ပြန်ပါဝင်စေခဲ့ပါတယ်။ဇာတ်လမ်းက ထင်ထား တာထက်ပိုကောင်းသလို ပိုလည်းထူးခြားပါတယ်။ ဇာတ်လမ်း တစ်ဝက်လောက်က နိုင်ငံရေး အရှုပ်တော်ပုံ၊ Katniss နဲ့ ပြည်သူတွေကြားက ဆက်ဆံရေး တွေ စတာတွေနဲ့ ရိုက်ပြပြိး ဇာတ်လမ်းကို အရှိန်ယူနေပြီးတော့ ကျန်တစ်ဝက်ကတော့ ကစားပွဲထဲမှာ အသက်ရှင်အောင် နေရပုံတွေကို Survival အနေနဲ့ ရိုက်ပြထားပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကယ်ဒမီဆုရှင် Jennifer Lawrence ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်သလို၊ ဇာတ်လမ်း တင်ဆက်ထားပုံကလည်း တော်တော် အနုပညာမြောက်ပါတယ်။ ဇာတ်ရှိန်အတက်အကျကတော့ သိပ်ပြောစရာမရှိပေမယ့် ဇာတ်လမ်းတစ်ဝက်မှ စပြီး ဇာတ်ရှိန် တက်တာ ဖြစ်တာကြောင့် ပျင်းစရာကောင်းသလိုရှိပါတယ်။ ဇာတ်လမ်းရဲ့အဓိက လှည့်ကွက် ကလည်း ပရိတ်သတ်ကိုနောက်ထပ်ကားတွေအတွက် ဖမ်းစားနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်း၊ Computer Graphic နဲ့ ဇာတ်လမ်းတင်ဆက်ပုံကောင်းတာကြောင့် ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါလို့ပြောချင်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။ လူသတ်တဲ့အခန်းတွေပါပေမယ့် ရက်စက်ကြမ်းကြုတ်မှုမရှိပါဘူး။