7.1
50,911
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.1 GB

Credit

200

Thirst (2009)

Drama, Fantasy, Horror

Credits 200

IMDb Rating 7.2 ထိ ရရှိထားတဲ့ ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။Park Chan-wook ရဲ့ ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျို းစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။စိတ်ဝေဒနာခံစားမှု ။ မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။ ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲ့မှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်။ဆန်းပြားလှတဲ့ လက်တွေ့လောကမှာ လက်ခံနိုင်ဘွယ်ရာ မရှိတဲ့အရာတွေကိုလည်း လှပတဲ့အဖြစ်အပျက်ကလေးတွေနဲ့ ပေါင်းစပ်ထားတာတွေ။အနုပညာဟာ ။ဘောင်မရှိ။အကန့်အသတ်မရှိ။ဟန်ချက်ညီမျှမှု။လူသားဆန်မှု ။လူသားမဆန်မှု ။စံပြဖြစ်စေမှု ။မဖြစ်စေမှု ။ ဘာသာတရားရဲ့အလိုဆန္နအတိုင်း ဖြစ်တည်မှု ရှိမှု ။မရှိမှု ။သိမှု ။မသိမှု ။ကမ်းပေါ်မှာ ဒီရေတွေတက်ပြီး နောက်ကို ပြန်ခေါက်သွားခဲ့ရင် သဲပွင့်ကလေးတွေ ကျန်ခဲ့မယ်။ရေစိုစွတ်လူးသွားတဲ့သောင်ပြင်က ပါးမို့မို့ထက်က လိမ်းကျံသွေ့ခြောက်စ သနပ်ခါးကွက်ကလေးလို ပွအယောင်းဖြစ်နေလိမ့်မယ်။ ဒါထက်ပို၍ ။နေရောင်ကြောင့် ပြက်ခနဲ လက်တဲ့ စိန်ပွင့်ကလေးလို အကွက်အကွက်ကလေးတွေထနေတာတွေ။သူ့ရဲ့ရုပ်ရှင်ထဲမှာ အလိုလိုတွေ့နေရလိမ့်မယ်။စိမ်းမြနေရာကနေ ပေါက်ကွဲအသွင်ပြောင်းသွားတဲ့ မီးတောင်တွေကိုလည်း မြင်ရလိမ့်မယ်။အဆုံးသတ်နေရာညွှန်းထားပေမယ့် လမ်းမအဆုံးမှာ ဘာမှမဆိုင်တဲ့ အစကိုပြန်ရောက်သွားရတဲ့ အဖြစ်အပျက်မျို းကိုလည်း ကျွန်တော်တို့ကြုံ ရပါလိမ့်မယ်။ဘီစကွတ်မုန့်ဘူးထဲက သင်းအီတဲ့ ဂျုံ မှု န့်အနံ့အသက်တွေ ထွက်လာပေမယ့် ထုတ်ကြည့်လိုက်တဲ့အခါ သွေးညှီ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ May Chit ဖြစ်ပါတယ်