8.1
84,350
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.9 GB

Credit

500

Chak De! India (2007)

Drama, Family, Sport

Credits 500

ဒီဇာတ်ကားက ၂၀၀၇ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး rating မြင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမျိုးသမီးဟော်ကီအသင်းရဲ့ နည်းပြကဗီးရ်ခါးန်နေရာမှာ သရုပ်ဆောာင်ထားတဲ့ မင်းသားက အားလုံးသိကြတဲ့ ရှာရွတ်ခါးန်ပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်မင်းသားက ရှာရွတ်ခါးန်ဆိုတဲ့ နာမည်ကြီးမင်းသားဖြစ်လို့ တကယ်ကိုကြည့်ရတာ အချိန်ကုန်ထိုက်တန်မယ့်ဇာတ်ကားကောင်းဖြစ်ကြောင်းပြောချင်ပါတယ်။ အိန္ဒိယ-ပါကစ္စတန် ဟော်ကီပြိုင်ပွဲမှာ ကဗီးရ်ခါးန်က သူ့ရဲ့‌ပိုင်နယ်တီရိုက်ချက်လွဲချော်မှုကြောင့် အိန္ဒိယအသင်းက ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားပါတော့တယ်။ ဒါပေမယ့်သူက ပါကစ္စတန်အသင်းကို ဂုဏ်ပြုပေးလိုက်မိတဲ့အပေါ် သူ့ကို နိုင်ငံကိုရောင်းစားတဲ့ကစားသမား၊ သစ္စာဖောက်ဆိုပြီး စွပ်စွဲကြပါတော့တယ်။ ကဗီးရ်ခါးန်က အသင်းကနေလည်းနူတ်ထွက်လိုက်ရပြီး သူနေတဲ့ရပ်ကွက်ထဲကနေလည်း ပြောင်းသွားရပါတော့တယ်။ ဒီလိုနဲ့ ၇နှစ်ကြာပြီးတဲ့နောက်မှာ သူက ဘယ်သူမှဂရုမစိုက်ကြတဲ့ အိန္ဒိယအမျိုးသမီးဟော်ကီအသင်းအတွက် နည်းပြလုပ်ဖို့ အဖွဲ့အစည်းကိုပြောပါတယ်။ အဖွဲ့အစည်းနဲ့အငြင်းအခုံလုပ်ပြီး အသင်းကိုရအောင်ထောက်လိုက်ပါတယ်။ မြို့နယ်တိုင်းက ဟော်ကီအမျိုးသမီးကစားသမား ၁၆ကို နည်းပြလုပ်ရမယ့်အခါ ကဗီးရ်ခါးန်ကဘယ်လိုများ နည်းပြလုပ်မလဲ။ စရိုက်မတူ၊ ဘာသာစကားတွေလည်း နည်းနည်းဆီကွဲကြတဲ့အပေါ်မှာ တစ်ယောက်ယောက်နဲ့တစ်ယောက် ဟော်ကီသင်ဖို့မပြောနဲ့ ရန်ဖြစ်ရင်းကုန်ဆုံးနေကြတဲ့ သူတို့၁၆ယောက်နဲ့ ကဗီးရ်ခါးန် ဘယ်လိုစခန်းသွားကြမလဲ။ ဒီမိန်းကလေ၁၆ယောက်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာရော ဘယ်လိုတွေယှဉ်ပြိုင်ပြီး အနိုင်ယူမလဲဆိုတာကိုပါ စိတ်လှုပ်ရှားစွားကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်