6.7
487,760
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.8 GB

Credit

300

The Wolverine (2013)

Action, Sci-Fi

Credits 300

ဒီကားက ၂၀၀၉ ခုနှစ် ထုတ် X-Men Origin: Wolverine နဲ့ X-Men:The Last Stand တို့နဲ့ နာမည် ပျက်ခဲ့ရတဲ့ X-Men ဇာတ်လမ်းတွဲတွေကို ပြန်ပြီး နာမည်တက်စေတဲ့ကားလို့ပြောလို့ရပါတယ်။ အထူးသဖြင့် Hugh Jackman အတွက် ဒီနှစ်က ဇာတာတက်တဲ့နှစ်လို့ပြောလို့ရလောက်အောင် သူ့ရဲ့ ကားတွေအောင် မြင်ခဲ့ပါတယ်။ ဒီကားက Marvel ကာတွန်းရဲ့ Japanese Saga စာအုပ်အပေါ်အခြေခံထားရိုက်ကူးထား တာဖြစ်ပြီး၊ ဒီကားမှာ Wolverine က X-Men:The last Stand ရဲ့အဆက် ဖြစ်ပြီး၊ X-Men Origin က X-Men သုံးကားရဲ့ အရှေ့ပိုင်းဖြစ်ပါတယ် (Prequel)။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ Logan က ဂျပန် မှာ သုံ့ပန်းအဖြစ် ဖမ်းခံထားရတုန်း အမေရိကန် တွေက ဂျပန်ကို အနုမြူဗုံး ကျဲ ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ ဂျပန် စစ်သားတစ်ယောက် ဖြစ်တဲ့ Yashida ရဲ့အသက်ကို ကယ်တင်ခဲ့သလို Yashida ကလည်း Wolverine ရဲ့ ထူးခြားတဲ့ စွမ်းအင်ကို သိရှိသွားပါတယ်။ ဇာတ်လမ်းမှာ Wolverine က the last stand မှာတုန်းက Jean Grey ကို မဖြစ်မနေ သတ်လိုက်ရတဲ့ အတိတ်က သူကို ခြောက်လှန့်နေပါတယ်။ Jean ကိုလည်း သူ့အိမ်မက်ထဲမှာ မြင်မြင်နေပြီး ခြောက်ခြားနေပါတယ်။ တစ်နေ့မှာ သူ့ကို Yashida ရဲ့တပည့် ဂျပန်မလေးတစ်ယောက်က သူနဲ့အတူ ဂျပန်ကို လိုက်ဖို့ လာခေါ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဆရာက သေခါနီးနေပြီဖြစ်ပြီး Wolverine ကို မသေခင် ကျေးဇူးဆပ်သွားချင်လို့ဖြစ်ပါတယ်။ Logan ဂျပန်ကို လိုက်သွားတဲ့အခါမှာတော့ Yashida ကဘယ်လိုကျေးဇူးဆပ်မလည်း ဆိုတာကို သိလိုက်ရပါတယ်။ Logan ရဲ့ ထူးခြားတဲ့ Healing ပါဝါကြောင့် သူက အသက် လည်း မကြီးသွားသလို၊ ဘယ်လိုမှလည်း သတ်လို့မသေပါဘူး။ ဒါကြောင့် Yashida က သူ့မှာ Logan ရဲ့ပါဝါကို လွှဲပြောင်းယူနိုင်တဲ့ နည်းပညာရှိတဲ့အတွက် Logan ရဲ့စွမ်းအားတွေကို သူကိုယ်ထဲ လွှဲပြောင်းပေးဖို့၊ အဲ့လို လွှဲပေးခြင်းအားဖြင့် Logan အနေနဲ့ Immortal ဘဝကနေ လွတ်ပြီး သူသေချင်နေသလို မျိုး သေနိုင်မယ်လို့ တောင်းဆိုပါတယ်။ Logan ကသဘောမတူပေမယ့် Jean ကြောင့် စိတ်ဓါတ်ကျနေတာဖြစ်လို့ အနည်းငယ်တွေဝေသွားပါတယ်။ ဒီလိုနဲ့ သူဂျပန်မှာ တစ်ညအိပ်ရမှာဖြစ်ပြီး နောက်တစ်ရက်မှာ ပြန်မှာဖြစ်ပေမယ့်၊ ဇာတ်လမ်းက သူထင်ထားသလို မဟုတ်ပဲ ရှုပ်ထွေးနေတဲ့ ဇာတ်ရှုပ် ကို ရှင်းဖို့ကြိုးစားရသလို၊ Yashida ရဲ့ မြေးမလေး Mariko ကိုလည်း Japanese Mafia လက်ကနေ ရော အခြားရန်သူလက်ကနေပါ ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ဒီနေရာမှာ Logan သူတို့အိမ်မှာ ညအိပ်တုန်းမှာ Yashida ရဲ့ ဆရာဝန်မကနေ သူ့ကို အဆိပ်ခတ်လိုက်ပြီး နောက် Logan တစ်ယောက် သူ့ရဲ့ Healing Ability တွေပါ ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။ သာမန်လူတွေလိုပဲ Valuable ဖြစ်သွားတဲ့ Wolverine ဂျပန်မာဖီးယားနဲ့ ရင်ဆိုင် တိုက်ခိုက်ပုံတွေ၊ သူ့ရဲ့အတိတ်က ခြောက်လှန့်ပုံတွေ ကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ The Wolverine ကားက X-Men ဇာတ်လမ်းတွဲတွေထဲမှာ အကောင်းဆုံး ဇာတ်ကားလို့တောင် ပြောလို့ရပါတယ်။ မထင်မှတ်ထားပဲ ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ ဂျပန်မှာ ရိုက်ထားတာဖြစ်သလို၊ နာမည်ကြီး သရုပ်ဆောင် နည်းနည်း ပဲပါခဲ့ပြီး အဓိက မင်းသမီးနှစ်ယောက်က အသစ် ဖြစ်နေတော့ သိပ်မမျှော်လင့်ကြပါဘူး။ ဒါပေမယ့် ဒီကားက အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံလည်း ကောင်းသလို၊ သရုပ်ဆောင်တွေလည်း မညံ့ပါဘူး။ အထူးသဖြင့် Hugh Jackman က ဒီကားမှာ သရုပ်ဆောင် ထူးချွန်မှုကို ပြသနိုင်ခဲ့ပြီး၊ ဇာတ်လမ်းကလည်း Wolverine သာမန် လူတစ်ယောက် နီးပါး ဖြစ်အောင် လုပ်ထားပြီး ရန်သူတွေကို ရင်ဆိုင်ရလို့ ပရိတ်သတ် ကို စိတ် လှုပ်ရှား မှုပေးနိုင်ခဲ့ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ Wolverine ပရိတ်သတ်တွေ ကြည့်လည်းကြည့်သင့်ပါတယ်။ Sex Scene တစ်ခန်းပါပေမယ့် No Nudity ပါ။ Rated PG-13 ပါ။