6.5
6,756
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

The Tower (2012)

Action, Drama, Thriller

Credits 200

ဒီကားလေးကတော့ ၂၀၁၂ခုနှစ်မှာထွက်ခဲ့တဲ့ အက်ရှင် disasterကားလေးဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်ထွက်လို့ မထင်ရတဲ့ ကွန်ပျူတာဂရက်ဖစ်တွေကိုလည်း တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်အဆောက်အဦးဖြစ်တဲ့ စကိုင်းမျှော်စင်က ဝန်ထမ်းတွေဟာ ခရစ်စမတ်အကြိုနေ့ညမှာ ကျင်းပမဲ့ ပါတီပွဲအတွက် ပြင်ဆင်နေကြပါတယ်။ အဲဒီထဲမှာ လီဒယ်ဟိုလို့ခေါ်တဲ့ တစ်ခုလပ် ကလေးအဖေတစ်ယောက်လည်း အပါအဝင်ပါပဲ။ ပါတီကျင်းပမဲ့နေ့ နေ့လည်မှာ မတော်တဆကိစ္စတစ်ခုကြောင့် မီးဖိုခန်းထဲမှာ မီးလောင်မှုအသေးစားလေးဖြစ်ခဲ့ပါတယ်။ အဲဒီမ‌တော်တဆမှုကြောင့် လီဒယ်ဟိုဟာ အဆောက်အဦးရဲ့ အပေါ်ပိုင်းအထပ်တွေမှာ ရေဖြန်းစနစ်အလုပ်မလုပ်ဘူးဆိုတာ သိလိုက်ရပါတယ်။ အဲဒါကို အတွင်းရေးမှူးကြီးကို ပြောပြခဲ့ပေမဲ့ ပါတီကိစ္စတစ်ဖက်နဲ့မို့လို့ ရေဖြန်းစနစ်ကို ဂရုမစိုက်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ ညဘက် ပါတီပွဲကျင်းပတဲ့အချိန် ငှားထားတဲ့ ရဟတ်ယာဥ်တစ်စင်းက မထိန်းချုပ်နိုင်တော့ဘဲ အဆောက်အဦးကြီးကို ဝင်တိုက်မိသွားပြီး မီးလောင်မှုတွေ ဖြစ်လာပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့အပြင် ပါတီပွဲကြောင့် အရေးကြီးတဲ့သူတွေအများကြီး ရောက်နေတဲ့အတွက် လူကြီးပိုင်းတွေအဖို့ အရေးပေါ်ကိစ္စဖြစ်လာပါတယ်။ ရဟတ်ယာဥ်ဝင်တိုက်တဲ့အတွက် ပေါက်ကွဲမှုဖြစ်ပြီး မီးတွေလောင်လာမယ်လို့ ထင်တောင်မထင်တားတဲ့ လီဒယ်ဟိုက သူ့ရဲ့သမီးလေး ဟာနာကို ခေါ်ထားမိတဲ့အခါ အဖေတစ်ယောက်အနေနဲ့ သမီးကို ဘယ်လိုကယ်တင်မလဲ၊ မီးသတ်သမားတွေလည်း ဘယ်လိုအသက်စွန့်ပြီး ကူညီပေးကြမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်