7.9
525,754
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

Children of Men (2006)

Action, Drama, Sci-Fi

Credits 200

2027မှာ ဖြစ်ပျက်နေတဲ့ကမ္ဘာအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 2027 ခုနှစ်မှာ လူသားတွေက ကိုယ်၀န်မဆောင်နိုင်ကြတော့တာ 18နှစ်ကြာပြီဖြစ်ပြီး စစ်ပွဲတွေလည်း ဖြစ်ပွားနေခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ အခြားနိုင်ငံတွေကနေ ၀င်လာတဲ့ဒုက္ခသည်တွေနဲ့ပြည့်နေပြီး အစိုးရကလည်း များပြားလှတဲ့တရားမ၀င်ခိုး၀င်လာသူတွေကို ထိန်းသိမ်းအကျဉ်းချသူချ သတ်သူသတ်နဲ့ ထိန်းချုပ်ထားပါတယ်။ အစိုးရနဲ့ ခိုး၀င်ဒုက္ခသည်တွေရဲ့ရပိုင်ခွင့်အတွက်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးသမားအဖွဲ့ Fishes ကလည်း ဆက်လက်တင်းမာနေပြီး Fishes အဖွဲ့၀င်တွေက အကြမ်းဖက်သမားတွေအဖြစ်ကြေညာထားခံရတာပါ။ သီအိုဆိုတဲ့ အဓိကဇာတ်ကောင်က နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်ပြီး ဇနီးဟောင်းဖြစ်သူဂျူလီယန်ကတော့ Fishes ရဲ့ခေါင်းဆောင်ပါ။ သီအိုတို့လင်မယားက သားလေးကပ်ရောဂါကြောင့်သေဆုံးပြီးတဲ့နောက်မှာ ကွဲသွားကြတာပါ။ ဒါပေမယ့် ဂျူလီယန်က ခိုး၀င်မိန်းကလေးတစ်ယောက်ကို ကမ်းရိုးတန်းကိုပို့ဖို့ သီအိုကို ဆက်သွယ်တဲ့အချိန်မှာ ပြန်တွေ့ကြတာပါ။ ကံအားလျော်စွာနဲ့ မိန်းကလေးကိုပို့တုန်း လမ်းမှာ ဂျူလီယန်က အသတ်ခံလိုက်ရတဲ့အတွက် သီအိုတို့လည်း လုံခြုံမယ့်နေရာကို အစီအစဉ်ပြောင်းပြေးရပါတယ်။ ပုန်းတဲ့နေရာမှာ သူလိုက်ပို့ပေးရမယ့် မိန်းကလေး ခီက ကိုယ်၀န်ရှိနေတာကိုသိလိုက်ရပါတယ်။ ဒါပေမယ့် တကယ်တော့ ဂျူလီယန်ကိုသတ်တာ အခြားလူမဟုတ်ဘဲ Fishes အဖွဲ့သားတွေပဲဖြစ်နေတာပါ။ သူတို့က ခီရဲ့ကလေးကို နိုင်ငံရေးမှာ အသုံးချချင်တဲ့အတွက် ခီကို မပို့ပေးချင်ဘဲ လိမ်ထားတာပါ။ သီအိုက ဒီအကြောင်းကို သိသွားတဲ့အခါမှာတော့ ညတွင်းချင်း ခီတို့ကို ခေါ်ပြေးပါတော့တယ်။ ခီကတော့ ဂျူလီယန်ပြောပြထားတဲ့အတွက် သီအို့အကြောင်းကိုသိထားပြီး ယုံကြည်သူပါ။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေ အန္တရာယ်တွေကိုကျော်ဖြတ်ရပါတယ်။ Fishes အဖွဲ့၀င်တွေကလည်း သီအိုတို့နောက် လိုက်လာကြပြီး အစိုးရကလည်း အကြမ်းဖက်လူသတ်သမားတွေ အဖြစ်ကြေညာပြီး လိုက်ရှာနေကြတာပါ။ မွေးလာမယ့်ကလေးငယ်က 18နှစ်အတွင်း ပထမဆုံးကလေးဖြစ်မယ့်အတွက် Fishes အဖွဲ့သားတွေက ခီကို ပေးထားတဲ့ကတိကို ဖျက်၊ ကလေးကို အသုံးချပြီး အရေးတော်ပုံမှာ လူတွေကို ပိုပါ၀င်စေချင်တာပါ။ အရေးတော်ပုံကြားထဲ ပစ်ခတ်သတ်ဖြတ်မှုတွေကြားထဲမှာ လမ်းခရီးမှာပဲ ခီက ကလေးလေးကိုမွေးဖွားလိုက်ပါတယ်။ သမီးမိန်းကလေးပါ။ ခီနဲ့ကလေးကို ဘေးကင်းတဲ့နေရာရောက်အောင် သီအိုပို့ပေးနိုင်ပါ့မလား၊ ဒီကိစ္စအောင်မြင်ဖို့ လူတွေ ဘယ်လောက်လောက် အသက်နဲ့ရင်းခဲ့ရလဲ၊ နောက်ဆုံးမှာ ခီတို့သားအမိ လုံခြုံတဲ့နေရာရောက်သွားပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြေကွယ်ဖွယ်ရသမျိုးစုံနဲ့ကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်