5.8
23,514
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Last Shift (2014)

Horror, Mystery

Credits 200

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Last Shift လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် 2014 ခုနှစ်က ထွက်ခဲ့တဲ့သည်းထိတ်ရင်ဖို ရုပ်ရှင်ပါ။ 2023 မှာ Malum ဆိုတဲ့နာမည်နဲ့ remake ပြန်ရိုက်ထားပါ‌‌သေးတယ်။ ဒီမှာပဲ တင်ထားတာရှိပါတယ်နော်။ ဇာတ်လမ်းကျောရိုးနဲ့ plot က အတူတူပါပဲ။ ဂျက်ဆီကာဆိုတဲ့ လူသစ်ရဲအရာရှိက လူမရှိတဲ့စခန်းဟောင်းမှာ စွန့်ပစ်ပစ္စည်းလာသယ်တဲ့လူကို စောင့်ဖို့ ညဆိုင်းတာဝန်ပေးခံရပါတယ်။ ဂျက်ဆီကာ့အဖေကလည်း ရဲအရာရှိတစ်ဦးဖြစ်ပြီး လူအစုလိုက်အပြုံလိုက်သတ်တဲ့ တရားခံမိသားစုကို ဖမ်းရင်း နေရာမှာတင် ဆုံးသွားတာပါ။ ဂျက်ဆီကာက သူမအဖေအတွက် ရဲအလုပ်ကို ရွေးခဲ့ပါတယ်။ သူတာဝန်ကျတဲ့ညမှာပဲ စခန်းဆီကို အကူအညီတောင်းတဲ့ ဖုန်းကောလ်တွေ ဝင်လာပြီး တဖြည်းဖြည်းနဲ့ supernatural အဖြစ်အပျက်တွေ ကြုံရပါတယ်။ ကြောက်ရွံ့လာတဲ့ဂျက်ဆီကာက အကူအညီလှမ်းတောင်းပေမယ့် မရောက်လာပါဘူး။ ခြောက်ခြားစရာ စခန်းဟောင်းမှာ ဘယ်လိုကိစ္စတွေဖြစ်ခဲ့တာလဲ...သူမအဖေဆုံးသွားတဲ့ လူသတ်မှုက တရားခံမိသားစုနဲ့ရော ဘယ်လိုဆက်စပ်နေတာလဲဆိုတာ...ရှာဖွေရင်း ဂျက်ဆီကာတစ်ယောက် ညဆိုင်းတာဝန်ပြီးအောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာ ရှုစားအားပေးလိုက်ပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai Kk ဖြစ်ပါတယ်