6.1
2,071
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.8 GB

Credit

0

The Crossing (2014)

Drama, History, Romance

Credits 0

ဒုတိယကမ္ဘာစစ်အပြီး တရုတ်ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အချိန် ပြည်တွင်းရေးမငြိမ်မသက်တွေဖြစ်ခဲ့သလို တရုတ်လူတန်းစားအလွှာမျိုးစုံကလည်း စစ်ရဲ့အကျိုးသက်ရောက်မှုတွေဖြစ်တဲ့ စီးပွားရေးပျက်ကပ်နဲ့ ဆာလောင်ငတ်မွတ်မှုဒဏ်ကို အလူးအလဲခံစားခဲ့ကြရတယ်။ အဲဒီလိုဆင်းရဲဒုက္ခတွေကြားထဲကမှ တွေ့ကြုံဆုံခဲ့ရပြီး ချစ်မေတ္တာတွေဖြစ်ခဲ့ကြတဲ့ စုံတွဲ၃တွဲရဲ့ ကံတရားကလည်း ယမ်းနံ့ဝေနေတဲ့ စစ်ပွဲကြားမှာ ဘယ်လိုတွေမြေစာပင်ဖြစ်ခဲ့ကြမလဲ...။ လူမျိုးရေးခြားနားမှုတွေကြားမှာ ဘယ်လိုကွေကွင်းသွားကြရမလဲ...။ စစ်မတိုက်ရဖို့ ရွေးချယ်ခွင့်မရှိခဲ့တဲ့ သာမန်ပြည်သူအနေနဲ့ရော တိုင်းပြည်အတွက် ဘယ်လိုတွေအသက်ပေးသွားကြရမလဲ... စတာတွေကို လူတန်းစားအလွှာစုံကနေ မြင်သာအောင်ရိုက်ကူးပေးထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။