6.7
7,358
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.5 GB

Credit

500

Crime Story (1993)

Action, Crime, Drama

Credits 500

ဒီကားလေးကတော့ ၁၉၉၃ခုနှစ်ထွက် ကားလေးဖြစ်ပြီး မင်းသားကြီးဂျက်ကီချန်းက အထူးအေးဂျင့်တစ်ဦးဖြစ်တဲ့ ရဲမှူး အက်ဒီချန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အက်ဒီချန်းက သူ့အထက်လူကြီးရဲ့ တောင်းဆိုမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးဝုန်ယတ်ဖေးဆိုတဲ့သူကို ကာကွယ်ပေးဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ အဲဒီသူဌေးက အရင်တုန်းကလည်း တစ်ခါ ပြန်ပေးဆွဲခံခဲ့ရဖူးပြီး ဒီတစ်ခေါက်လည်း သူ့ကိုယ်သူ ပြန်ပေးဆွဲခံရတော့မယ်ထင်တယ်ဆိုပြီး ရဲတွေကို အကူအညီလာတောင်းတာပါ။ ရဲတွေကတော့ မယုံကြပါဘူး။ ဒါကြောင့်လည်း တကယ်တမ်း ပြန်ပေးဆွဲခံရတဲ့အခါ ပြန်ပေးသမားတွေကို မတားလိုက်နိုင်ပါဘူး။ ပြန်ပေးသမားတွေကတော့ သူဌေးကတော်ဆီကနေ ငွေညှစ်ကြပါတော့တယ်။ အဲဒီလိုနဲ့ ပြန်ပေးဆွဲခံလိုက်ရတဲ့ သူဌေးဝုန်ယတ်ဖေးကို ပြန်ရှာဖို့ အထူးအဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ အဲဒီမှာ အရင်တစ်ခေါက် ပြန်ပေးဆွဲခံရတုန်းက အမှုကို အောင်မြင်အောင် လိုက်ပေးခဲ့တဲ့ ဆရာဟန်ဆိုတဲ့သူကိုလည်း အကူအညီရအောင်ဆိုပြီး ခေါ်လိုက်ပါတယ်။ အက်ဒီကတော့ ဆရာဟန်နဲ့ပေါင်းပြီး သူဌေးဝုန်ယတ်ဖေးကို ပြန်ရှာရပါတော့တယ်။ ဒါပေမဲ့ ဒီအမှုကတော့ သူထင်ထားသလောက် မရိုးရှင်းပါဘူး။ ပြန်ပေးဆွဲခံထားရတဲ့ ဝုန်ယတ်ဖေးကို အက်ဒီတို့ ဘယ်လိုပြန်ကယ်ကြမလဲဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းရယ်ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်