5.7
275,742
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.2 GB

Credit

200

The Matrix Resurrections (2021)

Action, Sci-Fi

Credits 200

ဒီတစ်ခေါက်ကတော့ ၁၉၉၉ခုနှစ်ကတည်းကစတင်ခဲ့တဲ့ The Matrix series တွေရဲ့ final part လို့ပြောနိုင်တဲ့ The Matrix Resurrection ဆိုတဲ့ Science Fiction ဇာတ်ကားလေးပါ။ ဒီဇင်ဘာ ၂၂၊ ၂၀၂၁ခုနှစ်မှာထွက်ထားတာဖြစ်ပါတယ်။ နီယိုဟာ သူ့ရဲ့လက်တွေ့ဘဝကနေထိန်းချုပ်ခြင်းခံရပြီးမစ်စတာအန်ဒါဆန်အဖြစ်နဲ့ ဟန်ဆောင်ကမ္ဘာတစ်ခုမှာ ဂိမ်းဒီဇိုင်းပညာရှင်အဖြစ်ရှိနေရပါတယ်။ သူ့ရဲ့တကယ့်ဘဝအစစ်အကြောင်းကို တစ်ခါတစ်ရံမှတ်ဉာဏ်ထဲမှာပေါ်လာပေမယ့် သူ့ရဲ့ဂိမ်းဇာတ်ကောင်တွေကိုစွဲလမ်းလွန်းတဲ့စိတ်ကြောင့်ဖြစ်ရတဲ့ စိတ်ဝေဒနာလို့ပဲထင်မှတ်နေပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ဘဝအစစ်ကချစ်သူဖြစ်တဲ့ ထရီနီတီဟာလည်းနီယိုနည်းတူထိန်းချုပ်ခံထားရပြီး သူတို့နှစ်ယောက်ဟာ သူစိမ်းတွေလိုဖြစ်နေခဲ့ကြပါတယ်။ ဘဝအမှန်ကိုဖုံးကွယ်ခြင်းခံထားရတဲ့နီယိုက သူ့ရဲ့ကမ္ဘာအစစ်ဆီကိုဘယ်လိုပြန်ရောက်နိုင်မလဲ? အတုအယောင်လောကထဲမှာ ကလေးသုံးယောက်နဲ့အိမ်ထောင်ရှင်မဖြစ်နေတဲ့ ထရီနီတီကရောလှည့်စားမှုတွေကိုဘယ်လိုဖော်ထုတ်မလဲ? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။