Mike O’Donnell ဆိုတဲ့ လူတစ်ယောက်က 17နှစ်အရွယ်တုန်းက အထက်တန်းကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းမှာ နာမည်ကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ်
Scarlet ဆိုတဲ့ မိန်းမချောလေးနဲ့လဲ တွဲခုတ်နေခဲ့တာပေါ့ မကြာခင် ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတော့ သူတို့လက်ထပ်ဖြစ်သွားတယ်ပဲ ဆိုပါတော့
နှစ်၂၀လောက်ကြာတဲ့အခါ Mike ကလုံးဝကို အရှုံးသမားဖြစ်နေပါပြီ သူ့ကျရှုံးမှုတွေအတွက် ဇနီး Scarlet ကိုအပြစ်တင်လို့ ဇနီးကလဲ သူ့ကိုကွာရှင်းသွားပါပြီ
သားနဲ့သမီးကလဲ သူ့ကိုမုန်းတီးနေကြပြီး 16နှစ်ကြာလုပ်ကိုင်လာတဲ့ အလုပ်လဲပြုတ်သွားပါတယ်
နောက်ဆုံးတော့ ငယ်သူငယ်ချင်း ခပ်ကြောင်ကြောင် သူဌေးတစ်ယောက်ဆီ ကပ်နေရတဲ့ဘဝအထိရောက်သွားရပါတယ်
Mike ကို တံခါးဟောင်းကြီးတစ်ယောက်က ဘဝမှာ ဒုတိယအခွင့်အရေးဆိုတာရှိကြောင်း ပြောပြပြီး အဲ့ဒီညမှာပဲ အဲ့လူက တံတားပေါ်ကနေ မြစ်ထဲခုန်ချဖို့ကြိုးစားတာကို
Mike တွေ့သွားလို့ အသဲအသန်လိုက်ကယ်ပေမဲ့ မအောင်မြင်ခဲ့ပဲ သူပါမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ်
အဲ့ဒီနောက် အိမ်ကိုပြန်ရောက်တဲ့အခါ သူဟာ 17နှစ်သားလေး ပြန်ဖြစ်နေတာကို ထူးဆန်းစွာတွေ့ရှိလိုက်ရပါတော့တယ်
ဒုတိယအကြိမ်ရောက်လာတဲ့ အခွင့်အရေးကို အသုံးချပြီး သူ့မိသားစုနဲ့ ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်