2024 ခုနှစ် နောက်ဆုံးထွက် ဟောင်ကောင်အက်ရှင်ဇာတ်ကြမ်းအသစ်စက်စက်
၁၉၈၀ ခုနှစ်လောက်မှာ ချန်လော့ခွန်းလို့ ခေါ်တဲ့ ဒုက္ခသည်တစ်ယောက်ဟာ ဟောင်ကောင်ဘက်ကို ထွက်ပြေးလာပြီး ကောလွန်းတံတိုင်းမြို့တော်လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းတွေ ထွက်ပြေးလာသူတွေအတွက် အရမ်းကိုအဆင်ေပြတဲ့ မြို့တစ်မြို့ထဲကို ခိုး၀င်လာခဲ့တယ်။ မှတ်ပုံတင်တစ်ခုလိုချင်လို့ တွေ့ရာအလုပ်လုပ် ငွေစုနေတဲ့ ချန်လေ့ာခွန်းကို တံတိုင်းမြို့တော်ရဲ့ဆရာကြီး ဆိုက်ကလုန်းဆိုသူက သနားပြီး အကူညီပေးခဲ့တယ်။ ကြာလာတော့ ချန်လော့ခွန်းဟာ အဲ့ဒီနေရာကနေ ထွက်မသွားချင်တဲ့အထိ အဲ့ဒီနေရာကလူတွေနဲ့ သံယောဇဉ်တွယ်လာခဲ့တယ်။ ဒါပေမယ့် လူဆိုးဂိုဏ်းတွေဟာ တံတိုင်းမြို့တော်ကိုကျူးကျော်လာခဲ့ပြီး အတိတ်က ရန်ငြိုးတွေနဲ့ သွေးဆူနေတဲ့သူတွေရဲ့ လက်မှာတော့ တံတိုင်းမြို့တော်ဟာ မအေးမချမ်းဖြစ်လာတော့တယ်။
ဟောင်ကောင်အက်ရှင်မင်းသားကြီး Louis Koo အပါအ၀င် ဝါရင့်သရုပ်ဆောင်တွေရာ မျက်နှာသစ်သရုပ်ဆောင်တွေပါ ပါ၀င်ထားပြီး အမိုက်စားတိုက်ခိုက်ခန်းတွေကို ကြည့်ရှု့ရမှာပါ။ ရုပ်ရှင်ရိုက်ကူးရာမှာလည်း ကောလွန်းတံတိုင်းမြို့တော်ကို အရင်က ရှိခဲ့တဲ့မြို့တော်အတိုင်း တစ်ပုံစံတည်းတည်ေဆာက်ကာရိုက်ကူးခဲ့ပြီး ရိုက်ကူးပြီးချိန်မှာ ပြန်ဖြိုချခဲ့တယ်လို့သိရပါတယ်။ အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်လို့ လုံး၀လက်လွှတ်မခံဘဲ ကြည့်သင့်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်