App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Promise Thai ကားလေးကိုတင်ပေးလိုက်ပါတယ်။
အဖေတွေရဲ့ ဆောက်လုပ်ဆဲ Penthouse မှာ သူတို့ရဲ့ လက်ဖဝါးပုံတွေရေးဆွဲခဲ့ကြတယ်။
အဖေတွေက သူတို့ကို ဒီတိုက်ထဲက တစ်ခန်းပေးမယ်လို့ သူတို့ ကတိပေးခဲ့ကြတယ်။
ဒါကြောင့် တိုက်ကြီးပြီးရင် ဒီအခန်းမှာ အတူတူနေကြမယ်လို့ ကတိပေးခဲ့ကြပြန်တယ်။
စီးပွားရေးပျက်ကပ်ကြောင့် သူတို့အဖေတွေ ဒေဝါလီခံကြရပြီး သူတို့သမီးကို အခန်းတစ်ခန်းပေးမယ်ဆိုတဲ့ ကတိလည်း ပျက်ကွက်ခဲ့တယ်။
ဆင်းရဲသွားတဲ့ဒဏ်ကို မခံနိုင်ပဲ အတူတူသတ်သေကြမယ်လို့ ကတိပေးခဲ့ကြတယ်။
အဲ့လို ကတိပေးခဲ့ကြတာကတော့ အစ် နဲ့ ဘိုမ် အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်
"ငါ့ကိုတစ်ယောက်တည်းမသေစေနဲ့နော်
ကတိပေးနော်"
ဆိုပြီး ကတိတောင်းသွားခဲ့သူ အစ်
အဲ့ကတိကို ပျက်ကွက်ခဲ့သူက ဘိုမ်
အစ် ကသေပြီး ဘိုမ် က အသက်ရှင်ခဲ့တယ်။
အစ် ကကတိကိုတည်ပြီး ဘ်ိုမ် က ကတိကိုဖျက်ခဲ့တယ်။
နှစ်၂၀ ကြာတော့ အစ်က ကတိတည်ဖို့ ပြန်လာခဲ့တယ်။
ဘာလို့ နှစ် 20 ကြာမှ အစ် က ကတိတည်ဖို့ပြန်လာရတာလဲ။
ဘယ်သူ့ရဲ့ဘယ်အရာကိုယူပြီး ကတိကိုတည်မှာလဲ။
ကတိပျက်ကွက်ခဲ့တဲ့ ဘိုမ်အနေနဲ့ ဘာကိုပေးဆပ်လိုက်ရလဲ။
ကတိတည်ခဲ့သူ အစ်ကရော ဘာကိုအစားပြန်ယူခဲ့သလဲ။
2017 ခုနှစ်က ထွက်ခဲ့တဲ့ "The Promise (ကတိ)" ဆိုတဲ့ ထိုင်းသရဲကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
ကိုယ်ပိုင် Rating အရဆို 8/10 ပေးပါတယ်။ ဇာတ်အသွားအလာ၊ Plot ကို သိပ်သဘောကျမိတယ်။ ပိုကြိုက်တဲ့တစ်ချက်က သရဲကားဆိုပေမယ့် သရဲကိုအကောင်လိုက်ကြီး ပြူးပြဲပြီး ပြမထားဘူး။ ရှိမှန်းသိအောင်ပြတယ်။ အသံမပါဘူး။ အကောင်လိုက်ကိုမပြဘူး။
နံရံမှာ အရုပ်ထင်ပြီးပြတယ်။ ဒါကြောင့်ပဲ ပိုကျက်သီးထစရာကောင်းတယ်။
ထိုင်းသရဲကားတွေထဲမှာမှ
အချိန်ပေးကြည့်ရတာတန်တဲ့ Movie တစ်ကားဆိုလည်းမမှားပါဘူး။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zun Hnin ဖြစ်ပါတယ်