ဒီတစ်ခါမိတ်ဆက်ပေးမယ့် ကားကတော့ နာမည်အတိုင်းခြေရှစ်ချောင်းနဲ့ ပင့်ကူတွေ အကြောင်းပါ။ ရိူရိုးသာမန်ပင့်ကူတော့မဟုတ်ပါဘူး chemicals တွေကြောင့် အရွယ်အဆမတန်ကြီးထွားလာတဲ့ ဧရာမပင့်ကူကြီးတွေပါ။
Mining အင်ဂျင်နီယာခရစ်စ်က မြို့ကထွက်သွားပြီး 10 နှစ်အကြာမှာ အဖေဖြစ်သူထားခဲ့တဲ့ မိုင်းတွင်းကို ပြန်ဖွင့်ဖို့လာခဲ့ပါတယ်။ အဲ့မိုင်းတွင်းက တစ်မြို့လုံးရဲ့အောက်မှာ ရှိပြီး အလုပ်မဖြစ်တော့လို့ ပိတ်ထားခဲ့တာကြာပါပြီ။ မြို့သားတွေလည်း အလုပ်အကိုင်ရှားပါးသွားပြီး စီးပွားရေးမကောင်းဖြစ်နေခဲ့တာပါ။ ဆမ်ကတော့ တစ်ခုလပ်ရဲမှူးအမျိုးသမီးဖြစ်ပြီး သား မိုက်ရယ် သမီး အက်ရှ်လီရယ်နဲ့နေပါတယ်။ ဆမ်နဲ့ ခရစ်စ်က ငယ်ငယ်တည်းက သိတဲ့သူတွေပါ။
ဒီကြောက်စရာဇာတ်လမ်းအစကတော့ toxic waste တွေသယ်လာတဲ့ကားပေါ်ကနေ စည်ပီပါတစ်လုံးရေကန်ထဲကျခဲ့ရာကနေ စပါတယ်။ အဲ့စည်က waste တွေက အနီးက ပင့်ကူရောင်းတဲ့ခြံက ပင့်ကူတွေဗိုက်ထဲရောက်သွားတဲ့အခါ...
ပင့်ကူပေါင်းရာချီက အရွယ်အစားကြီးလာပြီး မြို့လေးက လူတွေ တိရစ္ဆာန်တွေကို ပွဲတော်တည်တဲ့နောက်...ခရစ်စ်ရယ် ဆမ်ရယ်နဲ့ မြို့သားတွေ ဝိုင်းဝန်းပြီး ဒီသားစားပင့်ကူကြီးတွေကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ ခုပဲ အားပေးရှုစားလိုက်ပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်