5.6
108,678
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 5.1

File Size

4.1 GB

Credit

500

Ghost Ship (2002)

Horror, Mystery, Thriller

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Ghost Ship လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အရင်လက်ရာ Horror ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ သင်္ဘောနဲ့ပတ်သက်တဲ့ သရဲကားတွေ အများအပြားရှိတဲ့ထဲက ဒါကလည်း သူ့ဇာတ်လမ်းနဲ့သူ တစ်မျိုးဆန်းပြီး ကြည့်ရမယ့်ကားပါ။ ဇာတ်လမ်းအကျဉ်းက အပ်စ်နဲ့မာဖီတို့စုံတွဲပါတဲ့ သင်္ဘောဆယ်တဲ့သူတွေအဖွဲ့ဟာ သမုဒ္ဒရာတွေထဲ ရွက်လွှင့်ရင်း မျောနေတဲ့ သင်္ဘောပျက်တွေကို လိုက်လံဆယ်ယူစုဆောင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံတကာရေပိုင်နက်ဉပဒေအရ အဲ့ဒီမှာ မျောနေတဲ့ပစ္စည်းမှန်သမျှကို ရှာတွေ့တဲ့သူက ပိုင်ပါတယ်တဲ့။ ဒီတစ်ခေါက် သူတို့အဖွဲ့ ပြန်လာပြီးနားတုန်း ဖယ်ရီမန်းဆိုတဲ့ကောင်လေးက သူတွေ့ထားတဲ့ သင်္ဘောပျက်ကြီးကို လာပြပြီး အဖော်စပ်ပါတယ်။ အပ်စ်တို့ အဖွဲ့တွေလည်း စိတ်ဝင်စားသွားပြီး သင်္ဘောရှိတဲ့နေရာဆီ ထွက်ခွာလာခဲ့ပါတယ်။ သင်္ဘောရှိတဲ့နေရာကို ရောက်တော့ ဧရာမခရီးသည်တင် ocean liner သင်္ဘောကြီးဖြစ်နေပါ‌လေရော။ နောက်ထပ် ဆန်းကြယ်တာကတော့ တစ္ဆေသရဲ‌တွေပါ အများကြီးရှိနေပြီး သူတို့အဖွဲ့သားတွေကို တစ်စတစ်စ‌ ခြောက်လှန့်လာတဲ့အခါ... ဒီလိုနဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ နောက်ထပ် ဘယ်လို ထူးခြားတာတွေ တွေ့ရဦးမလဲ....တစ္ဆေတွေက ဘယ်လိုကြောင့် အဲ့မှာ နှစ်အကြာကြီး ပိတ်မိနေတာလဲဆိုတာ သိရမယ့် သရဲကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်