7.1
7,843
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

The Terror Live (2013)

Action, Crime, Drama

Credits 200

2013 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Ha Jung Woo ခေါင်းဆောင်ပါဝင်ထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ယွန်းယောင်ဟွာဟာ SNC သတင်းဌာနရဲ့ နာမည်ကြီး သတင်းတင်ဆက်သူ ဖြစ်ပြီး အကြောင်းတစ်ခုကြောင့် ရာထူးကျပြီး ရေဒီယို အစီအစဥ်ဘက်ကို ပြောင်းရွှေ့ခံလိုက်ရပါတယ် ဇနီးဖြစ်သူကိုပါ ကွာရှင်းလိုက်ပေးလိုက်ရတာကြောင့် ဘဝမှာ အဆိုးဆုံး ကြုံကြိုက်နေချိန် ဖြစ်ပါတယ် တစ်နေ့ သူ့ရဲ့ ရေဒီယို အစီအစဥ်ဖြစ်တဲ့ “နေ့စဥ်စကား ” အစီအစဥ်ကို ဆောက်လုပ်ရေး အလုပ်သမား ပတ်နိုကျူ ဆိုသူက ဖုန်းခေါ်လာပြီး ဝင်ရောက်ဆွေးနွေးပါတယ် ပတ်နိုကျူ ဆွေးနွေးတာတွေက ခေါင်းစဥ်လွဲနေတဲ့အတွက် ယွန်းယောင်ဟွာက ဖုန်းချခိုင်းပေမယ့် မချပစ်ဘဲ သူ့ပြောတာ နားထောင်ပါ နားမထောင်ရင် ဗုံးခွဲပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတော့တယ် ယွန်းယောင်ဟွာက နောက်ပြောင်တဲ့ဖုန်းလို့ထင်တဲ့အတွက် အရေးမစိုက်ဘဲနေရာမှ SNC အနီးရှိ မာဖိုတံတား ဗုံးပေါက်ကွဲပါတော့တယ် ယွန်းယောင်ဟွာဟာ ထိတ်လန့်သွားပေမယ့် ရဲတိုင်မယ့်အစား ဒီအကြောင်းကိုသာ သတင်းလွှင့်လိုက်ရင် ကြည့်ရှုနှုန်းတက်လာပြီး သူ့ရဲ့ သတင်းကြေငြာသူ ရာထူး ပြန်ရဖို့အတွက် ဌာနခေါင်းဆောင်နဲ့ အပေးအယူ လုပ်ခဲ့ပါတယ် ဒီလိုနဲ့ အကြမ်းဖက်သမားနဲ့ သတင်းကြေငြာသူ ဖုန်းအပြန်အလှန်အမေးအဖြေလုပ်ပြီး သတင်းထုတ်လွှင့်ခဲ့ရာမှ…. ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်အပြင် လူတွေရဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော အတ္တတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်