7.1
67,601
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

A Tale of Two Sisters (2003)

Drama, Horror, Mystery

Credits 200

အိမ်အတွင်း၏ အမှောင်ဘက်တွင်ချောက်ခြားဖွယ်ရာတွေ ရှိနေလိမ့်မည်ဟု ဆုမီတို့ညီအစ်မနှစ်ယောက် သိရှိမည်မထင်ပါ ခါတိုင်းမိသားစုတူယှဉ်တွဲနေထိုင်လာခဲ့သော အိမ်ကြီးမှာ ယခုအခါမှာတော့ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိနေလေသည်။ ယခုမနက်ခင်းသည် ခါတိုင်းနေ့တွေလို နှင်းတွေနဲ့ ရီဝေမှု န်မှိုင်းနေတာမျို း မရှိပါ။နေရောင်ခြည်နုနုကလေးတွေသည် အိမ်ကြီး၏ ရှေ့ဘက်လမ်းကလေးပေါ်ကို ဖြာကျလျက် ရှိနေလေသည်။ လမ်းကလေးပေါ်ကို ကားလေးတစ်စီးမှာ တရွေ့ရွေ့ဖြင့် မောင်းနှင်လာကာ အိမ်ရှေ့ဆင်ဝင်အောက်မှာ စက်သတ်လိုက်သည်။ ကားပေါ်ကနေ သက်လတ်ပိုင်းအရွယ် အမျို းသားတစ်ဦး ဆင်းလာသည်။ကားနောက်ခန်းကလေးမူ ငြိမ်သက်နေမြဲ။ ကားပေါ်မှာ သူ၏ သမီးငယ်နှစ်ယောက် ပါရှိပါသည်။သူမတို့နှစ်ဦးသားကို ကြည့်ရှု့ရသည်မှာ အိမ်ထဲကို ဝင်ရောက်ရန်အတွက် စိတ်ညစ်ညူ းနေပုံရ၏။ ညီအစ်မနှစ်ယောက်လုံး လက်ချင်းချိတ်ပြီးတော့ အိမ်ရှေ့နားဆီက ရေကန်ကလေးနားကို ပြေးလိုက်ကြသည်။ဆုမီတို့ ညီအစ်မနှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြမှန်းသိသာသည်။ သို့ဖြစ်စေကာမူ သူမတို့၏ ကမ္ဘာကလေးမှာ ကြေကွဲဆိပ်သင့်နေခဲ့တာ ကြာခဲ့ပါပြီ။ဘဝခြားကို ရောက်ရှိနေပြီဖြစ်သော မိခင် ဖြစ်သူမရှိလေကတည်းက ဖခင်ဖြစ်သူသည် နောက်အိမ်ထောင်ပြု ခဲ့သည်။ မိထွေးနှင့်ပတ်သက်လာလျှင် ရာဇဝင်ထဲက ကိသာဂေါတမီလောက်သာ ကောင်းမြတ်သောပုဂ္ဂို လ်ရှိသည်ဟုသော စကားအတိုင်းပင် ခက်ထန်ပြီး အကောက်ဉာဏ်များသည့် မိထွေးဖြစ်သူကို ညီအစ်မနှစ်ဦးစလုံးအနေဖြင့် ရွံကြောက်ကြီး ကြောက်ရွံ့လျက် ရှိနေလေသည်။ ထို့ကြောင့်ပင် အိမ်ထဲဝင်၍ မိထွေးဖြစ်သူကို မျက်နှာချင်းဆိုင်ရန် ဝန်လေးနေကြခြင်း ဖြစ်လေသည်။ အိမ်အတွင်းပိုင်းသည် နေ့ခင်းကာလချိန်မှာပင် ညနက်ပိုင်းကာလလို မှောင်မဲတိတ်ဆိတ်လျက်ရှိလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အထီးကျန်ရိပ်တွေ ဝန်းရံပတ်လျက် အမှောင်တစ်ထောင့်မှာ စွဲကပ်ကျန်ရစ်နေသည့် မိခင်၏ ဝိဉာတ်ရိပ်တွေကြောင့်များ အခုလို မှောင်မည်းတိတ်ဆိတ်နေသလား မသိနိုင်။ ဖခင်ဖြစ်သူကလည်း ကွယ်လွန်သွားခဲ့ရှာသော ဇနီးဟောင်းကို လွမ်းဆွတ်ပြီးတော့ အပြစ်ရှိသလို ခံစားနေရလို့လား မဆိုနိုင်ပေ။ မယားအသစ်ကလေးမှာမူ ချစ်လင်ဖြစ်သူနှင့် ချစ်စခန်းဖွင့်ဖို့အတွက် လှလှပပကလေး ပြင်ဆင်ထားသော်လည်း သူမနံဘေးကို မအိပ်စက်တော့ဘဲ ဧည့်ခန်းကလေးထဲကို သွားအိပ်နေလေသည်။ ညီမငယ် ဆုယွန်းမှာလည်း အိပ်စက်လို့ မရတော့။အိမ်ကလေးထဲမှာ သေကြေပြီး ပုပ်ဟောင်နေသော ငှက်အသေကောင်တွေကို တွေ့သလို မိခင်ဖြစ်သူ၏ ဝိဉာတ်ခြောက်လှန့်မှု တွေပါ ခံရသည့်အခါမှာ အမဖြစ်သူကို အနားကိုသာ ပူးကပ်အိပ်စက်ရတော့သညါ။ အိမ်ကလေးထဲတွင် ဖခင် | မိထွေး | ညီအစ်မနှစ်ယောက်တို့၏ အချေအတင်ဖြစ်မှု မှာ ပို၍ တင်းမာပြင်းထန်လာသလို ခြောက်လှန့်မှု တွေမှာလည်း ပို၍ တွေ့ကြုံ လာသည်။ အထူးသဖြင့် မိထွေးဖြစ်သူ၏ ဟန်ပန်မှာ ပုံမှန်မဟုတ်သလိုပင်။ စိတ်ထွေပြားနေသူတစ်ဦးဟန်ပန်လို ကသောင်းကနင်း ဖြစ်လာသည်။ လင်ပါသမီးတွေအပေါ်ကို ရက်စြက်ကမ်းကြု တ်မည်ဟန် ပြလာသည်။အစ်မဖြစ်သူ ဆုမီကတော့ဆတ်ဆတ်ထိမခံ ပြန်လည်တုံ့ပြန်တာကြောင့်လည်း ပိုဆိုးလာတာဖြစ်မည်။ ညခင်းကာလတစ်ခုဝယ် ယောကျာ်းဘက်က ဆွေမျို းစုံတွဲတစ်တွဲကို ညစာစားဖိတ်ကြားချိန်မှာ မိထွေးသည် အရူးမတစ်ယောက်သဖွယ် ကယောင်ချောက်ခြားတွေ ပြောဆိုလေသည်။အဆိုးဝါးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြန်သည်။ ဧည့်သည်မိန်းမဖြစ်သူမှာ အဆိပ်မိသလိုမျို း အန်ချကာ ကြမ်းပြင်ပေါ်လူးလှိမ့်နေခြင်း ဖြစ်လေသည်။သူမကြမ်းပြင်ပေါ်ကို လူးလိမ့်နေစဉ်မှာပင် ပန်းကန်စင်အောက်မှာ ကြောက်မက်ဖွယ်ရာ ဝိဉာတ်ရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ မိထွေးသည် ယင်းပြသာနာများကြောင့် စိတ်တိုနေချိန်မှာ အငယ်မဖြစ်သူဆုယွန်းကလေးကို အထင်လွဲသည် ဆုယွန်းအိပ်ယာအောက်တွင် ငှက်အသေများအားတွေ့ရှိရခြင်းဖြစ်သည်။သူမလက်ချက်ကြောင့် အိမ်တစ်ခုလုံး အခုလို ပြသာနာတွေ ဖြစ်ပေါ်နေရသည်ဟု ယူဆသည်။ ထိုအခါဝယ် ဆုယွန်းကလေးအား ရိုက်နှက်တွန်းထိုးကာ ဗီရိုထဲသို့ ထည့်ပိတ်လိုက်လေတော့သည်။ဆုယွန်းကလေး အစ်မဖြစ်သူကို အော်ဟစ်အကူအညီတောင်းသည်။မိထွေးကို တောင်းပန် ရှာသော်လည်း မိထွေးက တုံဏှိဘာဝေ ပြု နေလေသည်။ အစ်မဖြစ်သူ ဆုမီ နှင့် တွေ့ဆုံချိန်မှာတော့ ဖခင်ဖြစ်သူအပေါ် ယင်းကိစ္စရပ်များအတွက် အော်ဟစ်ပေါက်ကွဲပြောဆိုလိုက်လေသည်။ထိုအခါ ဖခင်ဖြစ်သူက သမီးကြီး ဆုမီအား သမီးငယ် ဆုယွန်းကလေးမှာ သေဆုံးပြီးသား မိန်းကလေးဟု ပြောဆိုလိုက်ချိန်မှာတော့ . . .။ _____________________________ Thriller ကားကောင်းကောင်းတွေကို ရိုက်ကူးပြနိုင်သော ဒါရိုက်တာကြီး ကင်ဂျီးဝန်းအား ယခု ရုပ်ရှင်အား ဤမျှပိုင်နိုင်စွာ ရိုက်ပြနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ယခုရုပ်ရှင်မှာ ကင်၏ အစောပိုင်းလက်ရာတစ်ခုဖြစ်သော်လည်း Horror Theme တစ်ခုကို အကောင်းဆုံးပိုင်ပိုင်နိုင်နိုင်ဖြင့် ရိုက်ပြနိုင်ခဲ့တာကို တွေ့ခဲ့ရသည် ဟာလိဝုဒ်၏ psychological horror အရိပ်တွေကို အနည်းငယ်မြင်ရသယောင် ရှိပေမယ့် မြင်ဘူးနေကျ သည်းထိတ်ဖိုရုပ်ရှင်တွေနဲ့ ကွဲလွဲစွာ သူပြလိုသော ဇာတ်ကောင်တွေ၏ စိတ်ပဋိပက္ခတွေနှင့် psychological horror ရုပ်ရှင်အများစုတိုင်း သုံးစွဲနေကျ အချက်အလက်တစ်ခုဖြစ်သည့် မရေရာမှု ကို အကောင်းဆုံး ကိုင်စွဲသွားနိုင်ခဲ့သည်။ နောက်တစ်ခုက ဇာတ်ကောင်အထိုင်ချမှုတွေမှာပင် ကင်၏ အနုပညာပါရမီကို မြင်သိနိုင်ပေသည်။အိမ်ထောင်ရေးသောကကြောင့် တုံဏှိဘာဝေဖြစ်နေသည့် ဖခင်။မိမိ၏ မနောကံများ၏ ထိုးနှက်မှု ကြောင့် လက်တွေ့လောကနှင့် အံဝင်ခွင်ကျ မရှိဘဲ အရာရာအဆိုးမြင်နေတဲ့ မိန်းမတစ်ဦး နှင့် တစ်ယောက်က ဆတ်ဆတ်ထိမခံ ထက်မြက်သော အမဖြစ်သူနှင့် အေးဆေးသိမ်မွေ့၍ မြင်လိုက်ရုံမျှ ဖြင့် မည်သူမဆို ဂရုဏာသက် သနားစိတ်ဝင်သွားနိုင်သော ရုပ်သွင်ကလေးရှိတဲ့ ညီမငယ် ဖြစ်သူတို့ကို ပိုင်နိုင်စွာ ပုံဖော်နိုင်ခဲ့သလို… အိမ်ကြီး၏ အတွင်းဖက်ပိုင်းထဲက ကြော်လန့်ဖွယ်ကောင်းနေမှုကိုလည်း လက်ရာမြောက်လှသော Color Creation များဖြင့် ကူးလူးချိတ်ဆက်ထားခဲ့ပြီး မိမိတို့ပရိသတ်တွေအား တုန်လှု ပ်ခြောက်ချားမှု သနားဂရုဏာသက်မှု နယ်ပယ်ဆီအား တွန်းခေါ်သွားခဲ့သည်ကို မြင်တွေ့ခဲ့ရပါသည်။နောက်ခံ Score ထည့်သွင်းမှု မှာလည်း Horror ရုပ်ရှင်တစ်ခုနှင့်ခြားနားစွာ တိုးဖွညင်သာသော ပီယာနိုသံ သဲ့သဲ့ကလေးတွေသာ ပံ့ပိုးထည့်သွင်းသွားခဲ့သည်။ ယခုကားအပြီး နောက်တစ်နှစ်မှာ ထွက်ရှိတဲ့ A Bittersweet Life ရုပ်ရှင်တွင်လည်း ဂီတထည့်သွင်းမှု မှာ ယခုရုပ်ရှင်အတိုင်းပါပဲ။ ဒါရိုက်တာ ကင်ဟာ ယခုရုပ်ရှင်တကားနှင့်ပင် သူဟာ ဒါရိုက်တာကောင်းတစ်ယောက်ဆိုတာ သက်သေပြီးပြီးသားဟုသာ ဆိုရလိမ့်မည် ဖြစ်ပါသည်။ ယခုရုပ်ရှင်သည်ဟောလိဝုဒ်ကနေပထမဦးဆုံးပြန်လည်ရိုက်ကူးသည့် တောင်ကိုရီးယားရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သလို ယခုရုပ်ရှင်မှာ ဝေဖန်ရေးဆရာများရဲ့ ချီးမွမ်းမှု ကို ခံခဲ့ရပေမယ့် ဟောလိဝုဒ်က တစ်ဖန်ပြန်လည်ဖန်တီးသည့် ရုပ်ရှင်မှာမူ ဝေဖန်မှု များသာ ခံခဲ့ရပါသည်။ ဟောင်ကောင်အက်ရှင်ရုပ်ရှင်များ၏ အငွေ့အသက်များအား တစ်ဖန်လှု ပ်နိုးစေခဲ့သော A Bittersweet Life | မြင်နေကျ စိတ္တဇလူသတ်ကောင် ရုပ်ရှင်တွေထက် ပိုမို ထူးကဲသော လူသတ်ကောင်တစ်ယောက် ဖွဲ့စည်းမှု ကို လွတ်လပ်စွာ ဖန်တီးပြခဲ့သော I Saw The Devil | ကောင်းဘွို င် ရုပ်ရှင်များစတိုင်လ်ကိုယူ၍ အာရှအငွေ့အသက်နှင့်ပေါင်းစပ်ကာ အကောင်းဆုံး ရိုက်ပြခဲ့တဲ့ The good ,the bad ,the weird စသည့် ကင်၏ လက်ရာများကို အပြည့်အဝ ခံစားခွင့် ရဖို့ရာ ရှာဖွေကြည့်ရှု့ကြဖို့ တိုက်တွန်းလိုပါသည်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ May Chit ဖြစ်ပါတယ်