8.2
861,844
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.2 GB

Credit

200

Spider-Man: No Way Home (2021)

Action, Adventure, Fantasy

Credits 200

ကဲ...ကဲ...ဒီတစ်ခါတော့ Marvel Fans တွေကျိန်းသေပေါက်စောင့်မျှော်နေတဲ့ဇာတ်ကားပါနော်။ အားလုံးထင်တဲ့အတိုင်းပဲ Spider Man : No Way Home ပါပဲ။ အမိုက်စားဇာတ်ကွက်တွေနဲ့ အထူးသဖြင့် Formers Spider Men တွေပါ ပါဝင်ရိုက်ကူးထားတာဖြစ်လို့ အချိန်အကြာကြီးစောင့်ခဲ့ရကျိုးနပ်မှာတော့သေချာပါတယ်။ အားလုံးသိတဲ့အတိုင်း Super Hero တွေမြို့ကိုကယ်တင်ရင် သူတို့လက်ချက်နဲ့ပဲမြို့ကအရင်ပျက်စီးတာများပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အမြင်စောင်းတာခံနေရတဲ့ Spider Man ဟာ စေတနာကနေဝေဒနာတွေဖြစ်ပြီး Super Hero ဘဝကနေ လူတွေပါးစပ်ဖျားမှာသူကိုယ်တိုင် Villains သဖွယ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ၁၇နှစ်အရွယ် Spider Man ပီတာပါကာနဲ့ သူ့ချစ်သူ အမ်ဂျေ၊ ပီတာရဲ့အချစ်ဆုံးသူငယ်ချင်း နဒ်တို့ဟာတက္ကသိုလ်တစ်ခုခုမှာဝင်ခွင့်ရဖို့တောင်အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် သူနဲ့အတူဒုက္ခလိုက်ခံနေရတဲ့ ချစ်သူနဲ့သူငယ်ချင်းကိုအားနာတဲ့ပီတာဟာ Dr. Strange ကိုအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့်အလွဲအချော်ဖြစ်သွားတဲ့ဂါထာကြောင့် တစ်ခြားစကြာဝဠာတွေက Super Villains တွေပါရောက်လာတဲ့အခါ... လူတိုင်းမှာဒုတိယအကြိမ်အခွင့်အရေးရှိတယ်ဆိုတဲ့အတိုင်း Super Villains တွေကိုပြင်ဆင်ခွင့်ပေးချင်ခဲ့တဲ့ ပီတာတစ်ယောက်ဘယ်လိုတွေထပ်မံပေးဆပ်ရဦးမှာလဲ??? သူ့ရဲ့နာမည်ပျက်ကိုရောရှင်းနိုင်မှာလား??? Marvel Series တွေထုံးစံအတိုင်းအချိတ်အဆက်လေးတွေနဲ့လာမှာဆိုတော့ နောက်ထပ် Marvel Hero တွေကိုလည်းပြန်တွေ့ရတော့မယ်ဆိုတာသေချာပါတယ်။ အခုတော့ Spider Man သုံးယောက်နဲ့ဒီဇာတ်ကားကိုအဝကြည့်လို့ရပါပြီ။ ဒီဇာတ်ကားကိုဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။