6.1
87,137
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Sky Captain and the World of Tomorrow (2004)

Action, Adventure, Mystery

Credits 200

သိပ္ပံပညာရှင် ၆ ဦး ပျောက်ဆုံးခြင်း ဆိုတဲ့ သတင်းက သတင်းထောက်မလေးပိုလီအတွက် သိပ်ကိုစိတ်ဝင်စားစေတဲ့ သတင်းတစ်ခုပေါ့။ တနေ့တော့ ပိုလီကို သူမသိတဲ့လူတစ်ယောက်က သူ့ကို ရုပ်ရှင်ရုံမှာ လာတွေ့ဖို့စာပို့ခဲ့တယ်။ စိတ်ဝင်စားစရာသတင်းတွေကို သက်စွန့်စံဖျား စုံစမ်းလေ့ရှိတဲ့ ပိုလီက ရုပ်ရှင်ရုံကိုသွားခဲ့တယ်။ အဲဒီမှာ သူ့ကိုလာတွေ့တဲ့ အမည်မသိလူက ပျောက်ဆုံးနေတဲ့သိပ္ပံပညာရှင်အဖွဲ့က တစ်ယောက်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ သူက ကြောက်ကြောက်ရွံ့ရွံနဲ့ နောက်ထပ်ပျောက်ဆုံးမယ့် သိပ္ပံပညာရှင်က သူဖြစ်ပြီးတော့ အဲဒီနောက်ကွယ်က ကြိုးကိုင်သူက Totenkopf ဆိုတာ ပြောသွားတယ်။ Totenkopf က ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်နေတဲ့သူပါ။ အဲဒီအချိန်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ဧရာမကြီးတဲ့ စက်ရုပ်တွေ ရောက်လာ​ပြီး တစ်မြို့လုံးကို ဖျက်ဆီးတော့တယ်။ ဒီစက်ရုပ်တွေကို နှိမ်နင်းဖို့ တာဝန်ပေးခံရတဲ့သူကတော့ ပိုလီရဲ့ရည်းစားဟောင်း Sky Captain ပါ။ သူတို့နှစ်ယောက်ပေါင်းပြီး Totenkopf ကို ဘယ်လိုတွေ့အောင်ရှာပြီး ကမ္ဘာကြီးကိုကယ်တင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Marip Pan ဖြစ်ပါတယ်