5.8
42,182
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

2.8 GB

Credit

500

Black Sheep (2006)

Comedy, Horror, Sci-Fi

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Black Sheep လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်မှာတေ့ာ သိုးတွေရန်ကနေ ထွက်ပြေးရတဲ့ လူတွေကိုတွေ့ရမှာပါ။သာမန်သိုးလေးတွေတော့ မဟုတ်ပါဘူး။ ဗီဇပြောင်းပြီး လူသားစားတဲ့သိုးမိစ္ဆာတွေပါ။ အန်းဂတ်စ်နဲ့ဟင်နရီတို့ ညီအစ်ကိုက သူတို့ဖခင်နဲ့အတူ နယူးဇီလန်က ယာတောမှာ ငယ်စဉ်တည်းက သိုးတွေမွေး လယ်ယာလုပ်ပြီးနေထိုင်ခဲ့ပါတယ်။ သူတို့မိသားဟာ မျိုးရိုးစဉ်ဆက် အဲ့မြေကို ရှင်းလင်းပြီးအခုထိ နေလာတာ နှစ်ပေါင်းရာကျော်ပါပြီ။ ဟင်နရီတို့အဖေမတော်တဆမှုကြောင့် ဆုံးသွားတဲ့အချိန်မှာ ဟင်နရီကလည်း အန်းဂတ်စ်က သူ့အချစ်တော်သိုးလေးကို သတ်ပစ်တဲ့အတွက် သိုးအလွန်အမင်းကြောက်တဲ့ရောဂါရပြီး မြို့မှာပဲ နေခဲ့ပါတယ်။ ယာတောကို အမွေခွဲတဲ့အချိန်ရောက်တော့ ဟင်နရီက သူ့ရောဂါကို ကုသနိုင်ဖို့ပါတွေးပြီး ပြန်လာတဲ့အခါမှာတော့...အန်းဂတ်စ်ရဲ့ရူးသွပ်မှုကြောင့် သိုးတွေက ရက်စက်တဲ့ စမ်းသပ်မှုတွေကြောင့် မျိုးဗီဇတွေပြောင်းပြီး လူသားစားတဲ့ကြောက်စရာ သတ္တဝါတွေဖြစ်နေပါပြီ...ဒီအန္တရာယ်ကောင်တွေကို သိုးကြောက်တဲ့ဟင်နရီက ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲသိရဖို့ ဆက်လက်ရှုစားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်