App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Urban Justice လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
မက်စ် ဘလစ်စတာဟာ အရည်အချင်းရှိပြီး ထူးချွန်တဲ့ ရဲတစ်ယောက်ပါ။ လူဖြောင့်လူမှန် ဖြစ်တာကြောင့် လူဆိုးလူမိုက်ကြီးအချို့ကပါ လေးစားရသူ တစ်ယောက်ပါ။ တစ်နေ့မှာတော့ ပျော်ရွှင်စရာ ဘဝလေးကိုပိုင်ဆိုင်ထားတဲ့ သဘောကောင်းတဲ့ မက်စ်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ်။
သက်သေလည်းမရှိ ရဲကလည်း မရှာနိုင်တဲ့ ဒီအမှုအတွက် သားဇောကပ်နေတဲ့ ဆိုင်မွန် ဘလစ်စတာ တစ်ယောက် သူ့သားကိုသတ်တဲ့ လူသတ်သမားကို သူကိုယ်တိုင် ကလဲ့စားချေဖို့ လိုက်ပါတော့တယ်။
သားရဲ့အမှုကို စုံစမ်းရင်း လူဆိုးလူမိုက်တွေနဲ့ တိုက်ရိုက်တွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ တိုက်ခိုက်ရေး ကျွမ်းကျင်ပညာရှင်အဆင့်ဖြစ်တဲ့ အဖိုးကြီးရဲ့ သရုပ်အမှန်က ဘာလည်း . . . သူထင်ထားတဲ့ သူတွေကရော တကယ့်သေနက်သမားအစစ် ဟုတ်ပါရဲ့လား . . . ဆိုတာတွေအပြင် ဘုမသိဘမသိ သေနတ်ပစ်ပွဲကြားထဲ ပါလာတဲ့ တည်းခိုခန်းပိုင်ရှင်မလေး အဲလစ်ရဲ့ ဖြစ်အင်ကိုလည်း မြင်ရမှာပါ။
မင်းသားကြီး စတီဗင်စီးဂဲလ်ရဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ အက်ရှင်ကတော့ ပြောစရာမရှိအောင် လှပြီးသားပါ။ ရသအနေနဲ့လည်း မျက်နှာပြင်ပေါ်မှာ တည်ငြိမ်ယောင်ဆောင်နေပေမယ့် ကိုယ့်ထက်အရင် ကမ္ဘာပေါ်က ထွက်သွားတဲ့ သားအတွက် ဖခင်တစ်ယောက်ရဲ့ လက်မခံနိုင်မှုတွေ သောကတွေ ဗျာပါဒတွေကို မြင်တွေ့ရမှာပါ။
IMBD rating ကတော့ 5.1/10 ဖြစ်ပြီး လူဆိုးလူမိုက်တွေ ဂိုဏ်းတွေအကြောင်းဖြစ်တဲ့အတွက် အဆဲအဆိုလေးက နည်းနည်းတော့ ကြမ်းပါတယ်။ ရှုစားကြပါဦး။
(အညွှန်းနဲ့ ဘာသာပြန်သူ Sue Mon)