6.3
207,694
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Scream 2 (1997)

Horror, Mystery

Credits 200

Scarry movieတွေက လူ့အသိုင်းအဝိုင်းကို ဆိုးဆိုးဝါးဝါးသက်ရောက်စေတာလား မေးခွန်းထုတ်စေတဲ့ Scream 2 ရုပ်ရှင်မှာတော့ ရုပ်ရှင်တွေအပေါ် အမြင်တွေ ဝေဖန်ချက်တွေ သုံးသပ်ချက်တွေကို ထည့်သွင်းထားပါတယ်။ ကိုယ့်ဆန္ဒအလျောက် ပြစ်မှုကျူးလွန်တာကို ရုပ်ရှင်တွေပေါ် အပြစ်ပုံချလို့မရပါဘူး။ ဒီဇာတ်လမ်းအစမှာတော့ နာမည်ကျော်‌ ကြောက်စရာရုပ်ရှင်ကားသွားကြည့်တဲ့ ၀င်ဆာကောလိပ်က ကျောင်းသားနှစ်ယောက် ရုပ်ရှင်ရုံထဲမှာ မျက်နှာဖုံးစွပ်နဲ့လူ သတ်တာခံလိုက်ရပါတယ်။ တရားခံမမိခင်မှာပဲ ကောလိပ်အမျိုးသမီးအဆောင်က ကျောင်းသူတစ်ဦး ထပ်အသတ်ခံရပြန်ပါတယ်။ ဒီအမှုက ယခင် ဖြစ်ခဲ့တာနဲ့ ဆင်တူနေတဲ့အတွက် အရင်လူသတ်မှုတုန်းက အသက်ရှင်ခဲ့တဲ့ ဆစ်ဒနီအပေါ် လူတွေ စိတ်၀င်စားလာကြပါတယ်။ သတင်းထောက်တွေရန်က လွတ်အောင်ရှောင်ရင်း ဆစ်ဒနီနားက သူငယ်ချင်းတွေပါ အသတ်ခံလာရတဲ့အခါ...ရက်စက်တဲ့ ဆိုက်ကို လူသတ်သမားက ဘယ်သူလဲ...ဆစ်ဒနီဆီက ဘာလိုချင်တာလဲ...လူသတ်မှုက တကယ်ပဲ အတိတ်က တစ်ဖန်ပြန်လည်လာတာလားဆိုတာ အလှည့်အပြောင်းတွေနဲ့ ကြည့်ရမယ့် Horror ရုပ်ရှင်ဖြစ်ပါတယ်။ ကောလိပ်တွေက မိန်းကလေးအဖွဲ့အစည်းတွေ ကတိပြုရတာတွေနဲ့ အဆောင်တွေက ဓလေ့ထုံးစံတွေနဲ့ပါ ဗဟုသုတအဖြစ် ရှုစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်