7.2
115,825
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Where the Crawdads Sing (2022)

Drama, Mystery, Romance

Credits 200

စိမ့်တော မိန်းကလေး လို့ လူသိများတဲ့ မိန်းကလေးတစ်ဦး။ ငယ်ငယ်တည်းက မိသားစုဆီက စွန့်ပစ်ခံရပြီး စိမ့်တောထဲမှာ တစ်ယောက်တည်း အသက်ရှင်ဖို့ နေထိုင်ရုန်းကန် နေရတဲ့ သူမအပေါ်ကို လူတွေဆီက ထူးဆန်းတဲ့ အမြင်တွေ ဝေဖန်တာတွေ နဲ့ ကဲ့ရဲ့ရှုတ်ချတာတွေခံရပေမယ့် လူတွေအပေါ် မမုန်းတီးခဲ့ အပြစ်မတင်ခဲ့တဲ့ သူမ အပေါ်‌ စောင့်ရှောက်ပေးမယ့် လူကောင်းတွေ ရှိလာနိုင်ပါ့မလား။ သူမအပေါ်ကို တန်ဖိုးထားပြီး ချစ်ပေးခဲ့တဲ့ ပထမဆုံး အချစ်ဦးက သူမထက် တိုးတက်မှု လမ်းကြောင်းကို ရွေးချယ်သွားတဲ့နောက် သူမအတွက် အချစ်သစ်လို့ ထင်ခဲ့မိတဲ့ သူကရော သူ့အပေါ်တကယ်ကောင်းပေးနိုင်ပါ့မလား။ ရုတ်တရက် သူမရဲ့ ချစ်သူသစ် သေဆုံးသွားမှုနဲ့ ပက်သတ်ပြီး သူမအပေါ် ဆွဲချက်အတင်ခံရတဲ့ အခါ။အဲ့ဒီ့သေဆုံးမှုက တကယ်ပဲ သူမ နဲ့ပက်သတ်နေနိုင်မလား။သူမရဲ့ အချစ်ဦးကရော သူမခက်ခဲနေတဲ့ အချိန်တွေမှာ ‌‌အရင်လိုပဲ သူမအပေါ်ကို ကူညီစောင့်ရှောက်ပေးနိုင်မလား။ အမှုကနေရော ပြစ်ချက်မရှိလွတ်နိုင်ပါ့မလား။အခက်အခဲတွေ ကြားထဲက အောင်မြင်မှုလမ်းကြောင်းပေါ် ဘယ်လိုလျှောက်လှမ်းနိုင်မလဲ ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။တောတောင်သဘာဝရှုခင်းအလှတွေနဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝ ရပ်တည်မှုတွေကို ကြည်နူးဖွယ် ဝမ်းနည်းဖွယ် ရသ မျိုးစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။