7.1
157,042
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Time Traveler's Wife (2009)

Comedy, Drama, Fantasy

Credits 200

အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။ သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။