တကျင်လူမျိုးတွေ တစုန့်ပြည်ကိုကျူးကျော်ပြီးတော့ နယ်မြေတွေသိမ်းကာ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြပါတယ်။ ကြာလာတော့ အာဏာရှင်ကိုမခံရပ်နိုင်တဲ့အဆုံး ပုန်ကန်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီထဲမှာ ရှင်းချီကျီဆိုတဲ့လူငယ်ကတော့ သိုင်းပညာ စစ်ရေး ပရိယာယ်ကြွယ်ဝတဲ့အပြင် သူများတွေနဲ့မတူပဲ အင်အားလိုက်စုပြီးမှ ပုန်ကုန်ပါတယ်။
အများပြည်သူကောင်းစားရေး ၊ အမိမြေကိုပြန်လည်ရရှိရေးအတွက် မျိုးချစ်သူရဲကောင်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နင်းကန်ကြမ်းတဲ့တိုက်ပွဲအခန်းတွေပါတာမို ဇာတ်လမ်းအစအဆုံးကို မပျင်းသွားရမှာ သေချာပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thaung Nay Oo ဖြစ်ပါတယ်