7.2
89,302
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.5 GB

Credit

500

Gran Turismo (2023)

Action, Adventure, Drama

Credits 500

ဒီဇာတ်ကားလေးဟာ ကားပြိုင်ဂိမ်းသမားအဖြစ်ကနေ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူယန်းမာဒန်ဘိုရော့ရဲ့အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယန်းဟာ ငယ်ငယ်လေးကတည်း ကားပြိုင်တာကို အရမ်းဝါသနာပါပြီး သူ့ရဲ့အိပ်မက်ကတော့ ပြိုင်ကားမောင်းသမားဖြစ်ချင်တာပါ။ ဒါပေမဲ့ သူ့ရဲ့အိပ်မက်ကို သူ့မိဘတွေက အားမပေးခဲ့ပါဘူး။ ယန်းဟာ ဂရမ်းတာရစ်စမိုဆိုတဲ့ ကားပြိုင်ဂိမ်းကို အရမ်းနှစ်ခြိုက်ပြီးနေ့စဉ်နေတိုင်း ဆော့လာခဲ့ရာက တစ်နေ့မှာတော့ နစ်ဆန်ကားကုမ္ပဏီက ကားပြိုင်ဂိမ်းသမားတွေကို တကယ့်လက်တွေ့ဘဝမှာ ပြိုင်ကားမောင်းသင်ပေးပြီး ပြိုင်ပွဲမှာ အနိုင်ရရှိသူကို ဆုချီးမြင့်မယ့်အပြင် နစ်ဆန်အဖွဲ့ကိုပါ ဝင်ခွင့်ပေးမယ်လို့ ကားပြိုင်ဂိမ်းသမားတွေဆီ သတင်းစကားပေးလိုက်ပါတယ်။ အဲဒီတော့ ယန်းဟာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အစွမ်းကုန်ကြိုးစားပါတော့တယ်။ ရည်မှန်းချက်ကြီးသူတစ်ယောက်ရဲ့ခံယူချက်တွေ၊ မိဘနဲ့သားသမီးကြားကနားလည်မှု၊ကားပြိုင်ပွဲပေါင်းများစွာကိုပါ တစ်ပါတည်းကြည့်ရှုခံရမယ့် ဇာတ်ကားကောင်လေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။