7.1
9,223
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.2 GB

Credit

500

Dragons Forever (1988)

Action, Comedy, Romance

Credits 500

အခု ထပ်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဟောင်ကောင်သိုင်းကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Wah Chemicalဆိုတဲ့ ဆေးပစ္စည်းစက်ရုံတစ်ခုကထွက်တဲ့ ညစ်ညမ်းတဲ့ရေတွေကြောင့် အဲဒီစက်ရုံနားက Ipဆိုတဲ့ ငါးကန်ထဲကငါးတွေ သေဆုံးတာတွေဖြစ်လာပါတယ်။ အဲဒါကြောင့် ငါးကန်ပိုင်ရှင် မစ္စIpက Wah Chemicalကို ရပ်ဆိုင်းထားဖို့ တရားစွဲပါတော့တယ်။ Wah Chemicalဘက်က အဲဒီအမှုကိုလိုက်ဖို့ ရှေ့နေ Jackie Lung (ဂျက်ကီချန်း)ကို ငှားလိုက်ပါတယ်။ Jackieက သူ့သူငယ်ချင်း လက်နက်မှောင်ခိုသမား Wongနဲ့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Yuen Biaoကိုခေါ်ပြီး အမှုကို အနိုင်ရဖို့ကြိုးစားပါတော့တယ်။ Wongက Ipကို သွားဆွဲဆောင်ပြီး Yuen Biaoကတော့ Ipတို့ရဲ့အိမ်ထဲကို အသံဖမ်းစက်သွားတပ်ပါတော့တယ်။ Jackieကတော့ Ipရဲ့ ညီမဝမ်းကွဲဖြစ်တဲ့ Wenကို ချဥ်းကပ်လိုက်ပါတယ်။ သူတို့သုံးယောက်က ချဥ်းကပ်ရတဲ့အကြောင်းရင်းကို ဘယ်အထိ ဖုံးထားနိုင်မလဲ၊ လိမ်ထားတာကို သိသွားတဲ့အခါရော ဘာတွေဖြစ်သွားကြမလဲ၊ တရားစွဲထားတဲ့ အမှုကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်