6.8
3,298
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.7 GB

Credit

500

The Fortress (2017)

Action, Drama, History

Credits 500

ဒီကားလေးကတော့ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ ရာဇဝင်စစ်ကားလေးပါ။ ၁၇ရာစု အစောပိုင်းကာလ ချင်မင်းဆက်က ဂျိုဆွန်းကို ကျူးကျော်တိုက်ခိုက်လာချိန်မှာ ဂျိုဆွန်းဘုရင် အင်ဂျိုနဲ့ သူ့ရဲ့နောက်လိုက်မှူးမတ်အပေါင်းတို့ဟာ နမ်ဟန်တောင်က ခံတပ်မှာ ပုန်းခိုတိမ်းရှောင်နေခဲ့ရတယ်။ ပြည်တွင်းရေးရာဝန်မင်း ချွဲမြောင်ဂီ (Lee Byung Hun) က ချင်မင်းဆက်နဲ့ စေ့စပ်ဆွေးနွေးပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုပေမယ့် တခြားသော မှူးမတ်ဝန်ကြီးတွေက တိုက်ခိုက်ကြဖို့ကိုသာ တာဆူနေခဲ့ကြတယ်။ အဲဒီအချိန်က အအေးဒဏ်အလွန်ကဲတဲ့ ဆောင်းတွင်းကာလဖြစ်တဲ့အပြင် ရိက္ခာကလည်း မလုံလောက်တာမို့ ခံတပ်မှာရှိနေကြတဲ့ တပ်သားတွေနဲ့ အရပ်သားပြည်သူတွေပါ ဒုက္ခအကြီးအကျယ်ရောက်ကြတာပေါ့။ ခံတပ်ထဲကလူတွေ ရာသီဥတုဒဏ်၊ စစ်ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါ့မလား၊ ဘုရင်နဲ့ မှူးကြီးမတ်ရာတွေကရော ဘယ်လိုတွေဆုံးဖြတ်ကြမှာလဲ၊ နမ်ဟန်ခံတပ်ကြီးကို အဆုံးထိကာကွယ်သွားနိုင်ကြမှာလားဆိုတာကို The Fortress ဆိုတဲ့ ဇာတ်လမ်းမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်