6.8
8,508
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

4.1 GB

Credit

50

Bomb City (2017)

Crime, Drama

Credits 50

ကျွန်တော်တို့နိုင်ငံအပါအဝင် လူ့အဖွဲ့အစည်းတော်တော်များများမှာ ခြားနားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေတော်တော်များများရှိပါတယ်။အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒီလိုအဖြစ်အပျက်တွေရှိခဲ့ပါတယ်။လူတော်တော်များများက အသွင်အပြင် ဝတ်စားဆင်ယင်မှု နေထိုင်မှုဘဝပုံစံတွေဟာ အများနဲ့မတူတဲ့အခါ လှောင်ပြောင်ရယ်မော အပြစ်တင်တတ်ကြတာတွေရှိပါတယ်။အသားအရောင်ခွဲခြားမှုတွေ၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူမျိုးမတူညီတာတွေ ကစလို့ ကိုးကွယ်ယုံကြည်မှုမတူတာတွေအထိပေါ့ဗျာ။ဒီဇာတ်လမ်းကလေးကတော့ ၁၉၉၀ပတ်ဝန်းကျင် အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ကမြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။အဲ့ဒီမြို့မှာနေထိုင်ကြတဲ့ ပန့်ခ်လူငယ်တွေရဲ့ဘဝနေထိုင်မှုနဲ့ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ ပွတ်တိုက်မှုဖြစ်တဲ့အခါ တရားဥပဒေဟာ သူတို့ဖက်မှာရှိမနေကြောင်းကို ရိုက်ပြထားပါ။ တရားဥပဒေဟာလူအများစုရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာဖြစ်သင့်ပါသလား။ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မက်ဆေ့တော်တော်များများပေးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အညွှန်းမှာရေးထားတာက အဲ့ဒီမက်ဆေ့တွေရဲ့အပိုင်းအစသေးသေးလေးပဲရှိပါသေးတယ်။နောက်ထပ်ထူးခြားတာတစ်ခုက ကမ္ဘာကျော်အဆိုတော်ကြီး Marilyn Manson လည်းဒီထဲမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဒီကားလေးဟာ လူကြီးမင်းတို့ရဲ့ နှလုံးသားနဲ့ဦးနှောက်တစ်နေရာရာကို ထိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။၂၀၁၈ ဖေဖော်ဝါရီမှာထွက်ခဲ့တာဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 7.2/10 Rotten Tomatos 83% Google Users 95% ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Khant Linn ဖြစ်ပါတယ်