6.2
3,037
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

6.1 GB

Credit

500

Legend of the Demon Cat (2017)

Adventure, Drama, Family

Credits 500

ထန်နိုင်ငံတော်ကို ဧကရာဇ်လီ အုပ်စိုးချိန် ၂၁ နှစ်မြောက်မှာ ဂျပန်ဘုန်းတော်ကြီးကူခိုင်က အပနှင်ဖို့ ချန်အန်းကို ရောက်လာခဲ့တယ် ဘုန်းတော်ကြီးကူခိုင်က ဧကရာဇ် နာမကျန်းဖြစ်လို့ ကုသပေးဖို့ လာခဲ့ပေမယ့် ဧကရာဇ်ဟာ ပုံမှန်နာမကျန်းဖြစ်တာမျိုး ဟုတ်မနေဘဲ သူရောက်ပြီး ခဏအကြာ ကုသမှုတောင် မလုပ်လိုက်ရဘဲ မျက်စေ့ရှေ့တင် နတ်ရွာစံသွားခဲ့တယ် ဧကရာဇ်သေဆုံးမှုကို လျှို့ဝှက်ထားရဦးမယ်ဆိုပေမယ့် မှတ်တမ်းမှူးပိုင်ကတော့ ဧကရာဇ်သေဆုံးရမှု အကြောင်းရင်းမှန်ကိုသာ မှတ်တမ်းတင်ချင်ခဲ့တယ် ဘုန်းတော်ကြီးကူခိုင်က နန်းတော်ထဲ စရောက်ကတည်းက ‌ဧကရာဇ်ဘေးနားမှာ ကြောင်မဲတစ်ကောင် ရှိနေတာကို သိခဲ့ရပေမယ့် နန်းတော်ထဲမှာ ဧကရာဇ်နံ‌ေဘး သုံးနှစ်ကျော် တာ၀န်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းမှူးပိုင်ကတော့ ကြောင်ရှိမှန်းတောင် သိမနေခဲ့ပါဘူး နောက်တစ်ခု ထူးဆန်းတာက ကာကွယ်ရေးခေါင်းဆောင်ရဲ့အိမ်မှာ စကားပြောတတ်တဲ့ ကြောင်တစ်ကောင်ရှိနေတယ်ဆိုတဲ့ အကြောင်းပါပဲ။ ဘုန်းတော်ကြီးနဲ့ မှတ်တမ်းမှူးတို့ နှစ်ယောက်သား ဧကရာဇ်သေဆုံးမှုအတွက် စုံစမ်းရင်း မကောင်းဆိုးဝါးကြောင်အကြောင်းသိလာကာ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်က မိဖုရားတစ်ပါးသေဆုံးမှုနဲ့ပါ ဆက်စပ်နေ‌ကြောင်း သိလာရပြီး အမှန်တရားကို ဖော်ထုတ်ပို့ သူတို့နှစ်ယောက်ရဲ့ စုံစမ်းမှုတွေကို ဇာတ်လမ်းတလျှောက် ပျင်းစရာမရှိအောင် လှည့်ကွက်တွေအများကြီးနဲ့ တွေ့ရမှာပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Su ဖြစ်ပါတယ်။