6.9
4,540
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

1.9 GB

Credit

100

Forbidden City Cop (1996)

Action, Comedy, Fantasy

Credits 100

IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင် ဟာသဇာတ်ကားပါ။ အတော်လေးလဲ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့.. လင်လင်ဖတ်ဟာ ဘုရင့်ကိုယ်ရံတော်ဂိုဏ်းက တီထွင်ပါရဂူဖြစ်ပေမယ့် ထိပ်တန်းသိုင်းပညာရှင်တွေကြားထဲမှာ သူ့ကို ဂေါက်သီးတစ်ယောက်လို့ပဲထင်ခံရသူပါ။ ဂေါက်သီးတို့ထုံးစံအတိုင်း ဘုရင့်ရှေ့မယ် တလွဲတွေလုပ်ပြမိတာကြောင့် ဘုရင်ရဲ့ အမျက်တော်ရှပြီး နေပြည်တော်ကနေ မောင်းထုတ်ခံရပါတယ်။ လင်လင်ဖတ်ဟာ ပေါ့သေးသေးဂေါက်သီးမဟုတ်တဲ့ တီထွင်ပါရဂူတစ်ယောက်ဖြစ်နေပေမယ့် ဘုရင်တို့ထုံးစံအတိုင်း ပညာရှိကို အထင်မကြီးတာကြောင့် မင်းနေပြည်တော်ကနေ လစ်သွားပြီး တခြားနေရာမယ် OG ဆရာဝန်သွားလုပ်နေပါတယ်။ အခါတစ်ပါးမှာတော့ ဂန်နိုင်ငံက မျက်နှာမရှိ/မျက်နှာများ သိုင်းပညာအုပ်စုက ရှင်ဘုရင်ကို လုပ်ကြံဖို့ ကြံစည်ပါတယ်။ ဒါကို ဘုရင့်ကပ်ပါးလျက်ဖားတွေက လူမိုက်တို့ထုံးစံအတိုင်း မဆင်မခြင် မြှောက်ထိုးပင့်ကော်လုပ်တာကို ရှင်ဘုရင်ဟာလဲ ဘုရင်တို့ထုံးစံအတိုင်း လူမိုက်စကားနားယောင်ပြီး ဂန်နိုင်ငံကလှည့်ကွက်ထဲ တန်းတန်းကြီးဝင်သွားပါတော့တယ်။ ဒါကို လင်လင်ဖတ်တစ်ယောက် သူ့ရဲ့ တီထွင်ဉာဏ်စွမ်းတွေနဲ့ ဂေါက်သီးတို့ထုံးစံအတိုင်း သွားကယ်မလားဆိုတာကတော့….။