ဒီကားလေးကတော့ အခုတလောမှာအရမ်းကိုနာမည်ရနေတဲ့ ဇာတ်ကားလေးတစ်ကားပါ။
ဘာဖြစ်လို့လဲဆိုတော့ ရိုက်ကူထားတဲ့ ပုံစံဟာ One Shot ပုံစံဖြစ်အောင် ရိုက်ကူးထားတာဖြစ်ပြီးတော့ အရမ်းကိုထူးခြားသွားအောင်ရိုက်ကူးထားတဲ့အကြောင်းပါ။
ဇာတ်လမ်းသွားကလည်းကောင်း ရိုက်ကူးပုံကလည်းကောင်း အထူးသဖြင့် ကင်မရာအယူအဆ ယူဆပုံတွေ စစ်တွင်းဖြစ်ပျက်ပုံတွေကို One Shot ပုံစံရိုက်ကူးထားတဲ့အတွက်လည်းအရမ်း ကြည့်ကောင်းပါတယ်။ မင်းသားအနေနဲ့George MacKay နဲ့ Dean-Charles Chapman တို့က ပါဝင်သရုပ်ထားပြီးတော့ဧည်သည်သရုပ်ဆောင်အဖြစ် Doctor Strange ကြီး Dean-Charles Chapman ဝင်ရောက်ပါဝင်ပေးထားပါတယ်။
ဇာတ်လမ်းလေးကတော့….
ပထမကမ္ဘာစစ်မှာ ဂျာမန်တို့နဲ့တိုက်ခိုက်ရာမှာ ဂျာမန်ဘက်က လှည့်ကွက်သုံးကာ တပ်ဆုတ်သယောင်ယောင်ပြုလုပ်ကာ အင်္ဂလန်တို့ကိုမြှားကာ တပ်ရင်းဆီကို ခေါ်ဆောင်ကာထောင်ချောက်ဆင်ပြီးတော့ တိုက်ခိုက်မှာပါ။ ထိုသို့တိုက်ခိုက်မည်ကို သိနေတဲ့ အင်္ဂလန်တပ်ရင်း၈ နဲ့ ဂျာမန်နောက်အားလိုက်လံတိုက်ခိုက်နေတဲ့ တပ်ရင်းနဲ့ဟာ တစ်နေကုန်ခရီးခန့်သွားရမှာဖြစ်ပါတယ်။
ထိုအခါ တိုက်ခိုက်ခြင်းက ထောင်ချောက်ဖြစ်သကဲ့သို တိုက်ခိုက်မှုကိုတားရန် ဒုတပ်ကြပ်နှစ်ယောက်ကို အမိန့်စာနဲ့တစ်ကွ လွတ်ပေးလိုက်ပါတယ်။ လမ်းခရီးတစ်လျောက်မှာထိုနှစ်ယောက်ဘယ်လိုအခက်အခဲတွေကြုံမလဲ….
အမိန့်စာကိုရော ရောက်အောင်ပေးနိုင်ပါ့မလား…
နောက်ကျသွားမလား ဆိုတာကတော့…
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Pyae Sone Ynwa ဖြစ်ပါတယ်