6.2
107,233
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Malignant (2021)

Crime, Horror, Mystery

Credits 200

ဒီတစ်ခါလည်း Horror & Thriller ပရိသက်ကြီးအတွက်ရင်ထိတ်တုန်လှုပ်စရာ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၀ရက်နေ့မှာထွက်ခဲ့တဲ့ Malignant ဆိုတဲ့ဇာတ်ကားက ခြောက်ခြောက်ခြားခြားလေးမှရင်ခုန်ပါတယ်ဆိုတဲ့ သူတွေအတွက်တော့ ကြည့်မိလို့နောင်တရမှာမဟုတ်ဘူးဆိုတာ အာမခံပါတယ်။ မက်ဒီဆန်ဟာ ကိုယ်ဝန်သည်မိခင်လောင်းတစ်ယောက်ပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တိုင်းပျက်ကျလေ့ရှိတဲ့မက်ဒီဆန်ကို ခင်ပွန်းဖြစ်သူဒေးရစ်ခ်ဟာစိတ်ပျက်နေခဲ့ပြီး ကိုယ်ဝန်ထပ်မဆောင်စေချင်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်သွေးသားတစ်ယောက်ကိုအလွန်လိုချင်နေတဲ့ မက်ဒီဆန်ဟာဇွတ်အတင်းကိုယ်ဝန်ဆောင်နေခဲ့ပေမယ့် ဒီတစ်ခါလည်းမက်ဒီဆန်ရဲ့ကိုယ်ဝန်ဟာ အခြေအနေအကောင်းကြီးတော့မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်စိတ်ရှုပ်နေခဲ့တဲ့ခင်ပွန်းဖြစ်သူနဲ့စကားများရန်ဖြစ်ပြီး ဒေးရစ်ခ်ကမက်ဒီဆန်ကိုနံရံဆီဆောင့်တွန်းပစ်လိုက်လို့ မက်ဒီဆန်မှာ ခေါင်းကွဲသွားတဲ့အထိဖြစ်ခဲ့ရပါတယ်။ အဲ့ဒီညမှာပဲမက်ဒီဆန်ကစိတ်ဆိုးပြီးအိပ်ခန်းတံခါးပိတ်ထားလို့ ဆိုဖာပေါ်အိပ်ခဲ့ရတဲ့ဒေးရစ်ခ်ဟာ ထူးဆန်းပြီးကြောက်မက်ဖွယ်ရာကောင်းတဲ့တစ်စုံတစ်ယောက်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ထူးဆန်းတာကတော့ ဒေးရစ်ခ်အသတ်ခံရတဲ့ဖြစ်စဉ်အစအဆုံးကို မက်ဒီဆန်ကအိမ်မက်လိုလိုဘာလိုလိုနဲ့ မြင်နေခဲ့ရတာပါပဲ။ ကြောက်မက်ဖွယ်ထိုအကောင်ကြီးက မက်ဒီဆန်ကိုလည်းရန်မူမယ့်ဟန်ပြင်တာမို့ မက်ဒီဆန်လည်းပြေးလွှားရင်းသတိမေ့လဲသွားပါတယ်။ သတိရလာတဲ့အခါမှာ ဆေးရုံရောက်နေပြီဖြစ်ပြီး ကလေးကလည်းပျက်ကျသွားပြန်ပြီဖြစ်ပါတယ်။ ဒီလိုနဲ့ဆေးရုံဆင်းတော့ ခြောက်ခြားစရာနေအိမ်ကြီးဆီကို မက်ဒီဆန်ပြန်သွားပြီးတစ်ယောက်တည်းနေထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ညအခါရောက်တိုင်း ထူးဆန်းပြီးရက်စက်လွန်းလှတဲ့လူသတ်မှုတွေကို မက်ဒီဆန်တစ်ယောက်အိမ်မှာထိုင်နေရင်း မျက်ဝါးထင်ထင်မြင်နေရပါတော့တယ်။ ဘယ်လိုထူးဆန်းတဲ့ကြောက်စရာသတ္တဝါကများ လူတွေကိုရက်ရက်စက်စက်အငြိုးအတေးတွေနဲ့ လိုက်ပြီးသတ်ဖြတ်နေတာလဲ??? ဘာအကြောင်းကြောင့်များ ဒီသတ္တဝါရဲ့လုပ်ရပ်တွေအားလုံးကိုမက်ဒီဆန်က အတိုင်းသားမြင်နေရတာလဲ??? ခြောက်ခြားစရာလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုတုန်လှုပ်စရာဖြစ်ရပ်မှန်တွေရှိနေမလဲ??? ကဲ...ဇာတ်လမ်းလေးကိုစိတ်ဝင်စားသွားပြီဆိုရင်တော့ အခုပဲအမြန်လေးသွားကြည့်လိုက်ကြပါတော့နော်။ အလွန်အကျူးနိုင်တဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်များနဲ့တော့လုံးဝမကြည့်သင့်ပါဘူး။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။