3.9
12,056
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.7 GB

Credit

200

London Fields (2018)

Crime, Mystery, Thriller

Credits 200

လှပပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ဟာ ယောကျာ်း ဘယ်နှယောက်ရဲ့ဘဝကို တစ်ခါတည်း အဆုံးသတ်သွားစေနိုင်မလဲ။ မီ ဇာတ်ကားထဲက နေတိုးတော်ကီနဲ့ ပြောရရင် "မီ ဟာ မီးပဲ"... ဒီ London Fields ဇာတ်ကားထဲမှာလည်း "Nicola ဟာ မီးပဲ" .. ယောင်္ကျားတွေဟာ ပိုးဖလံ လိုပဲ .. မီးကို ပူမယ်မှန်း သိသိကြီးနဲ့ တိုးဝင်နေကြတော့တာ။ ဘာလို့ "မီ" နဲ့ နှိုင်းယှဉ်ပြောရသလဲဆိုရင် ဒီ London Fields ဇာတ်ကားကိုကြည့်ရင်း မီ ကို အတွေးထဲပြန်မြင်ယောင်လာရတဲ့အထိ Nicola ရဲ့ ညို့ငင်ဆွဲဆောင်မှု ဟာ မီ နဲ့ တူနေခဲ့လို့ပဲ။ ဒီ London Fields ဇာတ်ကားဟာ နာမည်ကြီးဗြိတိန်စာရေးဆရာ Martin Amis ရဲ့ ၁၉၈၉ ခုနှစ်ထုတ် ဝတ္ထုကို အခြေခံရိုက်ကူးထားတယ် .. ဒါပေမဲ့ ဇာတ်ကားက ၂၀၁၃ မှစရိုက်တော့ မူရင်းဝတ္ထုထဲကလို ၁၉၉၉ မှာ ဇာတ်အိမ်မတည်တော့ဘဲ ခေတ်နဲ့လျော်ညီအောင် ဇာတ်အိမ်ကို ၂၀၁၁ မှာပဲ တည်ထားတယ်။ ဇာတ်ကားက လူတစ်ယောက် ဇာတ်လမ်းတစ်ခုကို ပြောပြနေပုံနဲ့ သွားထားတယ်။ Samson young ဆိုတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ရှိတယ် ..ဒီစာရေးဆရာက သိပ်ထွန်းထွန်းပေါက်ပေါက်မဖြစ်ဘူး .. ဒါမို့ ဝတ္ထုအသစ်ရေးဖို့အတွက် London ကို ခဏလာ၊ ကုန်ကြမ်းရှာရင်း သူ့သူငယ်ချင်း အိမ်မှာ စာသွားရေးဖို့လုပ်တယ် .. သူ့သူငယ်ချင်းက တအားအောင်မြင်နေတဲ့ ဗြိတိန်စာရေးဆရာ Mark Asprey။ Mark Asprey က အမေရိကန်မှာလာပြီး ကုန်ကြမ်းရှာစာလာရေးချင်တယ်။ ဒီလိုနဲ့ သူတို့ ၂ ယောက် အိမ်ချင်းလဲနေပြီး စာရေးဖို့ လုပ်ကြရော ဆိုပါတော့ .. Mark Asprey က အမေရိကန်မှာရှိတဲ့ Samson young အိမ်မှာ သွားနေတယ် .. Samson young က London မှာရှိတဲ့ Mark Asprey အိမ်မှာသွားနေရင်း စာရေးကြတယ်ပေါ့။ Samson young တစ်ယောက် London ရောက်တဲ့ အချိန်က 2011 london အဓိကရုဏ်း ဖြစ်နေတဲ့ အဆိုးဆုံးအချိန် .. London မြို့ကြီးဟာ မီးခိုးတွေဝေလို့ .. နေရာ အနှံ့အပြားမှာ ဆူပူမှုတွေနဲ့ .. Samson Young တယောက် London ရောက်ရောက်ချင်း လေဆိပ်ကအထွက်မှာပဲ တက္ကစီသမား Keith Talent နဲ့တွေ့တယ် .. Keith က သူသွားချင်တဲ့ Mark Asprey အိမ်ကို လိုက်ပို့ရင်း Samson Young ကိုဆွယ်တယ် .. သူစားကျက်ချရာ pub တခုရှိတယ်ပေါ့ .. ဒီနေရာက လူပေါင်းစုံ သတင်းပေါင်းစုံတော့ မင်းစာရေးဖို့ ကုန်ကြမ်းရမယ်ပေါ့ .. ဒါနဲ့ samson young တစ်ယောက် Keith ခေါ်ရာ Black Cross pub ကို ရောက်သွားရောဆိုပါတော့ .. တကယ်တော့ Keith က လူဆိုး .. မဟုတ်တာတွေလုပ်တယ် .. သုံးဖြုန်းတယ် အကြွေးပတ်လည်ဝိုင်းနေတဲ့သူ .. ဒီဘဲမှာ talent တခုရှိတယ် .. ဒါက မြှားပစ် တော်တာ (မြှားပစ်တယ်ဆိုတာ လေး နဲ့ မြှားနဲ့ ပစ်တာမဟုတ်ဘူး .. စက်ဝိုင်းကို လက်နဲ့ပေါက်ရတဲ့ လက်ပစ်မြှား dart ကို ဆိုလိုတာ ) ဒီဘဲက professional darts player ဖြစ်ချင်နေတဲ့သူပေါ့ .. ဒီ Black Cross pub မှာ Keith မိတ်ဆက်ပေးလို့ Samson Young တစ်ယောက် Guy Clinch ဆိုတဲ့ ဘဲတပွေနဲ့ ထပ်သိတယ် .. Guy Clinch က အထက်တန်းလွှာတွေနဲ့သိတဲ့ ဘဏ်လုပ်ငန်းရှင်လေး .. ငယ်ငယ်ရွယ်ရွယ်နဲ့ ဘောစိ ဖြစ်နေပေမဲ့ သူ့မိနိးမနဲ့အဆင်မပြေ .. သူ့ကလေးပေါက်စက အရွယ်နဲ့ မလိုက်အောင်ဆိုးလို့ စိတ်ညစ်ပြီး ဒီ Black cross pub မှာပဲ စိတ်ညစ်ညစ်နဲ့ အရက်လာလာ သောက်နေသူပေါ့ .. ဒီအချိန်မှာ pub ထဲကို အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဝင်လာတယ် .. ဒီ အမျိုးသမီးရဲ့အလှမှာ သူတို့ ၃ ယောက်လုံးရူးသွပ်စွဲမက်ကုန်တယ် .. ဒီအမျိုးသမီးက သူတို့ ၃ ယောက်လုံးရဲ့ဘဝကို တစစီဆုတ်ဖြဲဖျက်ဆီးပစ်တော့မယ့်သူမှန်း အဲ့ဒီအချိန်တုန်းက သူတို့ ၃ ယောက်လုံး မရိပ်မိကြဘူး .. ဒီအမျိုးသမီး နာမည်က Nicola Six ဒီအမျိုးသမီးကို ကိုယ့်နည်းကိုယ့်ဟန် ချဉ်းကပ်နေကြရင်း တနေ့မှာ Samson Young က Nicola Six လွှင့်ပစ်ထားတဲ့ ဒိုင်ယာရီစာအုပ်ကို မထင်မှတ်ဘဲ အမှိုက်ပုံးထဲကကောက်ရခဲ့တယ် .. ဒိုင်ယာရီအရ Nicola Six ဟာ သာမန် အမျိုးသမီးမဟုတ်ဘူး .. သူမရဲ့အနာဂတ်ကို ကြိုမြင်နေတဲ့သူ .. ဘယ်အသက်အရွယ်မှာ ဘာဖြစ်လာမလဲဆိုတာ ကြိုသိနေတဲ့သူ .. သူမ ဘဝကြီးကို ငြီးငွေ့နေပြီ.. အသက်ကြီးပြီး အိုမင်းလာမှာကို မလိုလားဘူး .. ငယ်တုန်းရွယ်တုန်းမှာ လှလှပပပဲ သေဆုံးပြီး ဘဝကိုအနိုင်ပိုင်းလိုက်ချင်တယ် .. ဒါမို့ သူမဟာ သေဆုံးခြင်းအတွက် အကွက်ချစီစဉ်တယ် .. ကိုယ့်ဟာကိုယ် သတ်သေဖို့မဟုတ်ဘူး .. တစ်စုံတစ်ယောက်က သူမကို သတ်ဖို့ .. အတိအကျဆိုရရင် နိုဝင်ဘာလ ၅ ရက် .. သူမအသက် ၃၅ နှစ်ပြည့်မွေးနေ့ ညသန်းခေါင်အချိန် မှာ သူမ ဘဝကို အဆုံးသတ်လိုက်ဖို့။ သူမရဲ့သေဆုံးခြင်းအတွက် အကွက်ချစီစဉ်တဲ့နေရာမှာ ဓားစာခံအဖြစ် သူမ အသုံးချဖို့ရွေးလိုက်တဲ့သူတွေက Samson young ရယ် , Keith ရယ် , Guy ရယ် .. ဒီ ၃ ယောက်ထဲက တယောက်ယောက် လက်ချက်နဲ့ သူမသေရမယ်ဆိုတာသိတယ် .. ဒါပေမဲ့ ဘယ်သူ့လက်ချက်နဲ့ သေရမယ် ဆိုတာကတော့ သူမကိုယ်တိုင်လည်းမသိ။ ဒါဟာ အရသာပဲ .. အဖြေကို အမြဲ ကြိုသိနေတဲ့လူတယောက်အတွက် ဖြစ်နိုင်ခြေ ၃ ခုတောင်ရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရတာ စိတ်ဝင်စားဖို့မကောင်းနေဘူးလား။ ဒီအကြောင်းအရာတွေကို Samson Young က သိတော့ သူမနဲ့တိုင်ပင်ပြီး ဒီဖြစ်စဉ်တွေကို မှတ်တမ်းတင်ဝတ္ထု တစ်ပုဒ်အနေနဲ့ စရေးတော့တယ် .. ပုံမှန်အားဖြင့် စာရေးဆရာဆိုတာ ကိုယ်ရေးတဲ့ ဝတ္ထု ဇာတ်လမ်း ဇာတ်သိမ်းကို ကြိုသိနေတဲ့ တစ်ဦးတည်းသောသူ .. အခုဝတ္ထုမှာတော့ စာရေးသူ Samson Young ကိုယ်တိုင် ဘာတွေ ဖြစ်လာမလဲ ကြိုမသိခဲ့ဘူး .. ဒါဟာ စိတ်လှုပ်ရှားစရာပဲ .. ဒီထက် စိတ်လှုပ်ရှားစရာ ကောင်းတာက စာရေးသူ ကိုယ်တိုင် ဒီဝတ္ထုထဲမှာ ဇာတ်ကောင်တစ်ကောင် အနေနဲ့ ပါဝင်ခွင့်ရနေတာပဲ။ တကယ်တော့ Samson young ကိုယ်တိုင်က လူကောင်းမဟုတ်ဘူး .. ရောဂါကျွမ်းနေတဲ့ သေခါနီး လူနာတစ်ယောက် .. ဒါ့အပြင် writer's block ဝေဒနာ ခံစားနေရတဲ့သူ .. အလွယ်ပြောရရင် ဦးနှောက်ကနေ ဘာစာမှ ထုတ်တွေး၊ ထုတ်ရေးလို့ မရတော့တဲ့ အိုင်ဒီယာခမ်းနေတဲ့သူပေါ့။ သူ့ဝတ္ထုဇာတ်လမ်းအစက ဒီလို… "ဒါဟာ လူသတ်သမားတစ်ယောက်ရဲ့အကြောင်းပေါ့။ အခုတော့မဖြစ်သေးတဲ့ လူသတ်မှုတစ်ခု။ ဒါပေမဲ့ ဖြစ်လာတော့မယ့်လူသတ်မှုတစ်ခုပေါ့။ ငါဟာ လူသတ်သမားကို သိတယ် .. အသတ်ခံရမယ့်လူကိုလည်း သိတယ် .. ဘယ်အချိန်မှာ ဒီလူသတ်မှုဖြစ်မှာလည်း ဆိုတာကိုလည်း သိတယ် .. ဘယ်နေရာမှာလူသတ်မှု ဖြစ်မှာလည်း သိတယ် .. ဘာကြောင့် အသတ်ခံရမလဲ ဆိုတာလည်းသိတယ် .. ဘာကြောင့် သတ်ရတယ် ဆိုတာကိုလည်းသိတယ် .. ဘယ်သူက နင်းပြားလဲ .. ဘယ်သူက အရူးလဲ .. ဘယ်သူက သနားစရာ ငတုံး ဖြစ်လာမလဲ ဆိုတာလည်း ငါသိတယ် .. ဒါပေမဲ့ ငါ ဒီလူသတ်မှုကို တားဆီးနိုင်မှာမဟုတ်ဘူး .. ငါတားချင်ရင်တောင်မှ တားလို့မရနိုင်ဘူး .. ဒီလူသတ်မှုက ဖြစ်ကို ဖြစ်မှာ.. ဒီအမျိုးသမီးက သေကို သေမှာပါပဲ ..ဘာလို့လဲဆိုတော့ ဒါဟာ သူမအမြဲ လိုချင်နေတဲ့ အရာမို့လို့ပဲ .. လူတွေဟာ ကိစ္စတခုကို အစပြုပြီးရင် မင်း ဘယ်လိုမှ တားလို့မရဘူး .. လူတွေဖန်တီးနေတဲ့အရာကို မင်းဘယ်လိုမှ တားလို့မရနိုင်ဘူး .. ဒါတွေ အားလုံးက လွန်ခဲ့တဲ့ ၃ ပတ်က စဖြစ်ခဲ့တာပေါ့ " ကြုံတုန်း ဖြတ်ပြောရရင် ဒီစာသားနဲ့ ၇၀% လောက်တူညီတဲ့ သဘောတရားဆန်ဆန်စာသားကို အကြည်တော်က သူ့ရဲ့ "အိုင်အိုဒင်းကိုကိုကြီးနှင့် "ဆိုတဲ့ဝတ္ထုထဲမှာ ဇာတ်ကောင် ဖီလိုဆိုဖီမောင်ပါစီ ပြောတဲ့ စကားအဖြစ်ယူသုံးဖူးပါတယ် .. လမ်းကြုံတုန်း (ဘယ်နှခါကြုံမှန်းတောင်မသိပါဘူးဗျ) ဒီလို စာသူခိုးတွေကို ရှုံ့ချပါတယ် ..စာဖတ်သူတွေမသိလောက်ဘူး ထင်ပြီး ဖြတ်ညှပ်ကပ် ခိုးချတာဟာ စာဖတ်သူကို စော်ကားတာလို့ပဲ မြင်ပါတယ်။ ဇတ်ကားအကြောင်းပြန်ဆက်ရရင် - Samson Young သူ့ဝတ္ထုထဲမှာရေးထားသလိုပေါ့ .. Nicola ဟာ ဘုရားသခင်နဲ့ ထွက်လည်တယ်လို့ မကြာခဏစိတ်ကူးတယ် ..သူနဲ့တောင် တစ်ခါအိပ်ဖူးတယ်ပေါ့ ..တစ်ခါတည်းပါပဲ .. နောက်ထပ်မရှိတော့ဘူး .. ဘုရားသခင်ဟာ Nicola ရဲ့ တိုက်ခန်းအပြင်က လမ်းပေါ်မှာ ငိုတယ် အသည်းကွဲနေတဲ့လူတစ်ယောက်ရဲ့ ညနေခင်းဟာ မလှပသလို အသည်းကွဲနေတဲ့ ဘုရားသခင်ရဲ့ ညနေခင်းဟာလည်း အကျည်းတန်တယ် .. ဘုရားသခင်ဟာ ရှိတိစပီးယားနဲ့ ဒန်တီ ကို Nicola အကြောင်း ကဗျာတွေရေးခိုင်းတယ် .. ဘာလို့လဲဆိုရင် Nicola ရဲ့ဘဝထဲမှာ တခြားယောင်္ကျားတစ်ယောက်ရှိနေပြီးလေ .. နတ်ဆိုးတစ်ကောင်ပေါ့ .. Nicola ဟာ ဘုရားသခင်ကို စိတ်ဆိုးစေချင်လို့ သူမကိုယ်သူမ နတ်ဆိုးဆီ ဆက်သလိုက်တယ် .. သဝန်တိုနေတဲ့ ဘုရား သခင်ပေါ့ .. ဒီအချိန်မှာ ဘုရားသခင်က တကမ္ဘာလုံးကို ဆေးကြောပစ်ဖို့ (ရေလွှမ်းမိုးပစ်ဖို့) ခြိမ်းခြောက်တယ် .. ကပ်ရောဂါတွေ ဘေးဆိုးတွေ ထိတ်လန့်ခြင်းတွေ ယူဆောင်လာမယ် လို့ပြောတယ် .. Nicola ကို အသက်အရွယ်အိုမင်းတဲ့ပုံစံနဲ့ ထာဝရ နေရမယ်လို့ပြောတယ် .. Nicola ဟာ ဘုရားသခင်ကို ထွက်သွားခိုင်းလိုက်တယ် .." ဒီဇာတ်ကားဟာ သမားရိုးကျ ဇာတ်လမ်းမဟုတ်.. ဇာတ်ကားတခုလုံး လျှို့ဝှက်ချက်တွေ.. metaphor တွေ အပြည့်နဲ့ .. ဇာတ်သိမ်းဟာ ထင်သလောက်မရိုးရှင်းဘူး .. နောက်ဆုံးအခန်းအထိ လှည့်ကွက်အပြည့်နဲ့ ဆွဲဆောင် သွားတယ် .. ဇာတ်လမ်း အကြောင်းပြောပြီးတော့ cast အကြောင်း ပြောရမှာပေါ့ Samson Young အဖြစ် .. Sling Blade (1997) တို့ Armageddon (1998) တို့ ဇာတ်ကားထဲက မင်းသားကြီး Billy Bob Thornton က သရုပ်ဆောင်တယ် .. ဒီဘိုးတော်က Angelina Jolie ရဲ့ယောင်္ကျားဟောင်း .. Keith အဖြစ် Cloud Atlas (2012) တို့ Upside down (2013) တို့ထဲက မင်းသား Jim Sturgess Guy အဖြစ် the Divergent trilogy တို့ Underworld ဇာတ်ကားတို့ထဲက မင်းသား Theo james Mark Asprey အဖြစ် Harry potter ဇာတ်ကားတွေထဲက Lucius Malfoy အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jason Isaacs ဒီ့အပြင် ဇာတ်ပို့တွေက Jaimie Alexander ( Thor ဇာတ်ကားတွေထဲက Lady Sif ) , Cara Delevingne ( Suicide squad ထဲက Enchantress) Johnny Depp ( captain ဂျက်စပဲရိုးကြီး ) တို့ပဲ ဖြစ်ပါတယ် .. အဓိက ဇာတ်ဆောင် မင်းသမီး Nicola Six အဖြစ် သရုပ်ဆောင် သူက Amber Heard , Aquaman ဇာတ်ကားထဲက Mera ပေါ့ .. ကိုယ်က ဒီကားမကြည့်ခင်ထိ( Aquaman ကြည့်ပြီးတာတောင် ) ၂၁ ရာစုရဲ့လိင် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးအဖြစ် Scarlett Johansson လို့ပဲ လက်ခံထားတာ .. ဒီ London fields ကြည့်ပြီးမှပဲ ကိုယ့်အမြင်မှားမှန်း သိတော့တယ် .. တက္ကဆက်ပြည်နယ်သူ Amber Heard က မတရား အလွန်ကြီးကို ဆွဲဆောင်မှုရှိချက်ပဲ .. သူ့အပြုံးကအစ လှုပ်ရှားမှုတွေအလယ် စကားပြောပုံအဆုံး ရူးလောက်စရာပဲ .. သိဝိမင်းဟာ ဥမ္မာဒန္တီကြောင့်ရူးသွားတယ် ဆိုတာ ရယ်စရာ မဟုတ်ဘူး .. Amber Heard ဟာ ငါတို့ခေတ်ရဲ့ဥမ္မာဒန္တီပဲ .. ဒီလောက် plot တွေမိုက် , နောက်ခံတီးလုံး တွေမိုက်ပြီး Amber heard ရဲ့ ဆွဲဆောင်မှုတွေနဲ့ ပြုစားပျော်ဝင် ထုဆစ်ထားတဲ့ ဒီ London Fields ဟာ ခရမ်းချဉ်သီးပုပ် (Rotten Tomatoes) rating မှာ 0% (Zero) ပဲရသတဲ့ .. Black Panther ကျ 97% , Thor: Ragnarok ကျ 93% rating ရသတဲ့ .. တကယ့်စိတ်ပျက်စရာတွေပါပဲ .. ပြောချင်တာက ခရမ်းချဉ်သီးပုပ် (Rotten Tomatoes ) rating ကောင်းတိုင်း ဇာတ်ကားမကောင်းနိုင်သလို rating 0 % ပဲရတာနဲ့ပဲ ဇာတ်ကားက စုတ်ပြတ်သတ်မနေပါဘူး .. လူတစ်ယောက်နဲ့တစ်ယောက်အကြိုက်မှ မတူပဲကိုး . ဒါမို့ ဒီ London Fields ကို ကြည့်ဖြစ်အောင်ကြည့်ပါ လို့ပဲ ညွှန်းချင်ပါတယ်။