5.8
242
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.1 GB

Credit

100

Happy Ghost II (1985)

Comedy, Horror

Credits 100

ဒီကားကတော့ ပုံမြင်လိုက်တာနဲ့ တော်တော်များများ ရင်းနှီးနေမယ်လို့ထင်ပါတယ် ကလေးဘဝတုန်းက ကြည့်ခဲ့ကြတဲ့ ဟာသသရဲ ကားလေးပါ ပညာသင်ကျောင်းသား Samဟာ အစိုးရ စာမေးပွဲကို ၁၄ကြိမ်ကျလို့ ဘုန်းကြီးကျောင်း အဟောင်းထဲမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ် ဒါပေမဲ့ မမျှော်လင့်ဘဲ ကောင်မလေးသုံးယောက်ရောက်လာပြီး Samဆွဲကြိုးချသေခဲ့တဲ့ ကြိုးကို ယူသွားတော့ Samကသူတို့နဲ့အတူ မြို့ကိုပါ သွားခဲ့ပါတယ် ထုံးစံအတိုင်းSamက ကူညီပါတယ် နောက်တော့ကောင်မလေးတွေရဲ့တိုက်တွန်းချက်ကြောင့် လူပြန်ဝင်စားဖို့ ဆုံးဖြတ်ပြီး Hong Sam Kwaiဆိုတဲ့နာမည်နဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ် ထိန်းမရသိမ်းမရသောင်းကျန်းတဲ့ အတန်းမှာ ဆရာဖြစ်တာဆိုတော့ အခြားဆရာမတွေထပ် ပိုပြီးသူ့အတွက် ခက်ခဲပါတယ် ကျောင်းသူတွေရဲ့အမျိုးမျိုးဒုက္ခပေးတာကိုလည်းခံရ ဖြစ်သမျှဒုက္ခလည်းသူချည်းပဲ အကုန်ရှင်းရ ဒါတောင်Samကသူ့ကျောင်းသူတွေကို မမုန်းပါဘူး ကျောင်းပြိုင်ပွဲမှာတောင်သူ့အစွမ်းတွေနဲ့ကူညီနေတုန်းပါပဲ နောက်တော့ ကျောင်းသူတွေရဲ့လုပ်ရပ်ကြောင့် Samလည်းအလုပ်ထုတ်ခံလိုက်ရပါတယ် ထိန်းမရသိမ်းမရကျောင်းသူတွေကို ထိန်းနိုင်မဲ့သူပေါ်လာမလား Samကကောဘယ်လို ဆက်ဖြစ်သွားမလဲဆိုတာကိုတော့ Happy ghost 2ထဲမှာ ကြည့်ရှူနိုင်ပါတယ်ရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ 强心 ဖြစ်ပါတယ်